(Unicode)
အပိုင်း(၁၀)
သတ္တိရှိတတ်အောင် သင်ပေးခြင်းအိမ်မှာတစ်ယောက်တည်းကျန်ခဲ့ရသည့် နေ့ရက်တွေဟာ နီတာ့ အစာအိမ်ကိုနတ်ပြည်ပို့ပေးသည့် နေ့ရက်တွေဖြစ်လာခဲ့သည်...
မိုးတဖွဲဖွဲရွာနေတဲ့ မော်လမြိုင်မြို့ရဲ့ ညလမ်းမထက်မှာတော့ အနက်ရောင်မိုးကာတွေဝတ်ထားတဲ့ ဆိုင်ကယ်မောင်းသူတွေကို တွေ့ရမည်ဖြစ်သည်... ထိုသူတွေထဲမှာ နီတာ့ အမေနဲ့အစ်ကိုလည်း ပါနေ၏... ဘာလို့ဆို နှစ်ယောက်လုံး စာသင်ဖို့ အခုမှ အိမ်ကထွက်သွားလို့ပေါ့...
ခြံတံခါးကို သော့ခတ်ပြီး ခြံရှေ့က ပလက်ဖောင်းတွင် ထီးဆောင်းပြီးရပ်ရုံရှိသေးတယ် အချိန်တိကျလွန်းတဲ့ ပြိုင်ကားအနက်လေးက ရောက်ချလာပြီဖြစ်သည်...
"ဒီနေ့ရော ဘာစားချင်လဲ..."
နီတာ ကားထဲဝင်လိုက်သည်ဆိုခြင်းမှာပင် အလိုက်တသိမေးလာခဲ့သည်...
"ဗိုက်သိပ်မဆာသေးဘူး... အဲ့တော့ ကိုလင်းဆိုင်ကိုဘဲ သွားကြစို့..."
ကောင်းဇေလင်း ဘုရားတသင့်ပါသလား... တသင့်သည်လို့ထင်သည်...
ဘုရား... ဘုရား...
ဆိုင်ထဲဝင်ပြီးတာနဲ့ ဘယ်တော့မှလက်ဗလာနဲ့ ပြန်မထွက်တတ်တဲ့သူမို့ ကောင်းဇေလင်း တံတွေးပင်မြိုချမိသွားသည်... ဒီတိုင်းသာဆို အရုပ်ဆိုင်တစ်ခုလုံး ကောင်မစုတ်လေး နီတာရဲ့အခန်းထဲ ရွေ့လိုက်ရမယ့်ကိန်းရှိတယ်...
မိုးရွာနေလို့ အိမ်မှာဘဲနေမယ်လို့ ပြောဖူးတယ်ရှိအောင်ပြောကြည့်ပါလား... အဲ့လိုတွေးလိုက်ပေမယ့် ပြောမှာမဟုတ်မှန်းသိနေသည်...
ဒါပေမယ့်လဲ သင်းလေးရဲ့ဆန္ဒကိုလွန်ဆန်လို့ မဖြစ်သေးတဲ့အချိန်မို့ Oceanထဲက ထွက်လာတဲ့ကားကို Oceanဆီသာ ပြန်ခေါ်သွားရတော့သည်...
ဗိုက်မဆာသေးဘူးလို့ပြောသည့် နီတာမှာ အရုပ်ဆိုင်ကောင်တာမှထိုင်ပြီး lotteria ကြက်ကြော်ကို အပြတ်ဆွဲနေသည်ကို ဘေးမှာထိုင်နေတဲ့ ကောင်းဇေလင်းတစ်ယောက်သာ မယုံနိုင်တဲ့မျက်ဝန်းတွေနဲ့ ကြည့်လို့နေသည်... ဆိုင်ရှိဝန်ထမ်းတွေကတော့ မြင်တွေ့နေကျအရာတစ်ခုမို့ စိတ်ဝင်စားခြင်းအလျဉ်းမရှိပေ...
YOU ARE READING
တိတ်တိတ်ကလေး နဲ့ တိုးတိုးလေး/တိတ်တိတ်ကလေးနဲ့တိုးတိုးလေး(Complete)
Fantasy21.July.2021 Own Creation