Part(1)

4.8K 166 0
                                    

(Unicode)

အပိုင်း(၁)
မနက်ခင်း ဆည်းလဲသံ

"အပေါ်ထပ်က ကာလနဂါးနှစ်ကောင်ရေ ထချိန်တန်ပြီနော်!!!..."

နှစ်ထပ်တိုက်ငယ်လေးထဲ ဟိန်းထွက်သွားသည့် အော်သံအဆုံးမှာတော့

"အား!!!..."

ကျယ်လောင်ကာ ပြဲလန်နေသည့် အသံစူးစူးကြီးက လေထုကိုပင်ကြိမ်နှုန်းမြင့်မြင့်ဖြင့် တုန်ခါသွားစေသည်...

"အိပ်ကောင်းချင်းမအိပ်ရတဲ့ ဘဝပါလားနော်"

မနက်၈နာရီသာရှိသေးသော်လည်း ကာလနဂါးလို့အခေါ်ခံရသည်က မဖြစ်သင့်ပေ... သို့သော် ဆက်မအိပ်ဖြစ်တော့...

အိမ်ရှိအမျိုးသမီးနှစ်ယောက်ရဲ့ အပြိုင်ဟစ်အော်သံကြောင့် လေးလံနေတဲ့မျက်ခွံတွေကို ဆက်ပြီးမှိတ်မထားနိုင်တော့ပြီ... သိပ်မကြာခင်အချိန်တွင် ထိုအော်သံတွေက အဆအဆ အဆပေါင်းများစွာမြင့်ပြီး ထွက်ပေါ်လာတော့မည်မို့...

အခန်းထောင့်က ကြမ်းခင်းပေါ်ရှိ တစ်ယောက်အိပ်မွေ့ယာလေးရယ် ဘီရိုအသေးလေးတစ်လုံးသာ ချောင်ချောင်ချိချိဆန့်သည့် အခန်းလေးထဲကထွက်လာပြီး အောက်ထပ်ရှိရေချိုးခန်းသို့ ပျင်းတိပျင်းရွဲလျှောက်လာသော် ဒုတိယံမိအော်သံပေးရန် အသင့်ဖြစ်နေပြီဖြစ်သော မာတာမိခင်နှင့် လှေကားရင်းတွင် တည့်တည့်တိုးတော့သည်...

လှေကားရင်းတွင် အကြည့်ချင်းတစ်ချက်ဆုံသွားပြီး ဝဖိုင့်ဖိုင့်ခန္ဓာကိုယ်ရှိသည့်မိခင်ဖြစ်သူကို ရှောင်ခွင်းကာဖြင့် လှေကားညာဘက်ရှိ မီးဖိုခန်းထဲဝင်ကာ ရေချိုးခန်းထဲတန်းနေအောင် ဝင်ချသွားသော ကောင်လေး...

ရေချိုးခန်းတံခါး ပိတ်သံအဆုံးမှာတော့...

"နီတာ!!!... နင်ထမလား ငါတက်လာရမလား!!!..."

စိန်ခေါ်သံသည် သိပ်ကျယ်လောင်လွန်းသည်မို့ ရေချိုးခန်းတံခါးဟာ ထိုအသံကို တာဆီးမပေးနိုင်ပေ...

"အား!!!..."

အာခေါင်ခြစ်ကာ အသံကုန်အော်သံအဆုံးမှာတော့ ခြေဆောင့်သံတဒုန်းဒုန်းထွက်ပေါ်လာချေပြီဖြစ်သည်...

တိတ်တိတ်ကလေး နဲ့ တိုးတိုးလေး/တိတ်တိတ်ကလေးနဲ့တိုးတိုးလေး(Complete)Where stories live. Discover now