(Unicode)
အပိုင်း(၁၁)
Crushအား စိတ်ကောက်ခြင်းကျောင်းသားတွေကို စာမေးနေတဲ့ မဝင့်ရဲ့ပုံစံလေးက ရင့်ကျက်ပြီး ကျက်သရေရှိလွန်းလှသည်...
ထိုပုံစံလေးကို နီတာ မေးလေးထောက်ပြီး ကြည့်မဝဖြစ်နေချိန်...
"နီတာ..."
နီတာ့ နာမည်ကို ခေါ်လာသည်ကြောင့်
"ရှင်..." လို့ ပြန်ထူးလိုက်ပေမယ့် ရင်ထဲမှာ မိုးကြိုးပစ်နေပြီဖြစ်သည်...
ဘုရား... ဘုရား... အခု နီတာ့ကို စာမေးတော့မှာလား...
အ အိ အု အဲ အို ကလွဲပြီး ဗျည်းတွေကို မခွဲတတ်သေးဘူးလေ...
"ဘယ်အချိန်ရှိပြီလဲကို ဂျပန်လိုဘယ်လိုပြောလဲ..."
အမ်... ဘာကြီးလဲ... ဘယ်လို ပြောရတာလဲ...
နီတာ့ နဖူးမှာ ချွေးပင်စို့လာတော့သည်...
"အဲ့တာကဟို... ဟိုလေ..."
ဘေးက အစ်ကိုဖြစ်သူကို အားကိုးတကြီးငုံ့ကြည့်လိုက်ပေမယ့် နီတာ ကြည့်မှာကိုသိနေသည့်နှယ် သင်းက မျက်နှာပါလွှဲထားသေးတယ်...
နီတာ ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် မသိတော့ချိန်...
"မသိရင်လဲ ထားလိုက်တော့..."
"... ... ..."
နီတာ့ကိုတောင် မကြည့်တော့ဘဲ တခြားတစ်ယောက်ကို စာမေးနေပြီဖြစ်သည်... ထို့ကြောင့် နီတာ အသက်မဲ့စွာ ခုံမှာပြန်ထိုင်လိုက်ရတော့သည်...
ထိုစဉ် ဘေးကအစ်ကိုမှ အနားကပ်လာပြီး
"နင့်ကိုမေးတာ အလွယ်ဆုံးဘဲ..." လို့ ပြောလာခဲ့သည်...
သည်လိုနဲ့ အိမ်ပြန်ရောက်ချိန်မှာတော့...
"အား!!... အီးဟီး... ဗြဲ!!!..."
အခန်းထဲ ပြေးဝင်ပြီး တစ်အိမ်လုံးကို ငိုသံတွေနဲ့ ဖုံးလွှမ်းလိုက်သည်ကြောင့် အမေတောင် အောက်ထပ်အိပ်ခန်းထဲကနေထွက်လာပြီး လှေကားပေါ်တက်ရန် ခြေလှမ်းရုံရှိသေးသည့် ရဲတာအား မေးမြန်းလာတော့သည်...
"နင့် ညီမဘာဖြစ်လာတာလဲ..."
ရဲတာ ပခုံးပင့်ပြပြီးသာ အပေါ်ထပ်တက်လာခဲ့လိုက်၏...
YOU ARE READING
တိတ်တိတ်ကလေး နဲ့ တိုးတိုးလေး/တိတ်တိတ်ကလေးနဲ့တိုးတိုးလေး(Complete)
幻想21.July.2021 Own Creation