Part(6)

1.3K 118 0
                                    

(Unicode)

အပိုင်း(၆)
JJသည်သာ အားထားရာ

ကျောင်းရှေ့ကို ပြေးထွက်လာသည့် ခြေလှမ်းတွေဟာ နောက်ကျမည်ကို စိုးရိမ်လို့နေသည်...

ရပ်စောင့်နေကျနေရာလေးသို့ မရောက်ခင်မှာပင် ရဲတာ၏ခြေလှမ်းတို့ ရပ်တန့်သွားတော့သည်...

ကားတံခါးကိုမှီ၍ ခေါင်းငုံ့ထားသူဟာ အနက်ရောင်လက်ရှည်အင်္ကျီကို ကြယ်သီးနှစ်လုံးဖြုတ်ကာ ဝတ်ထားသည်မို့ လည်ပင်းအောက်က ဖြူဖွေးလွန်းတဲ့အသားအရေသည် ကျောင်းရှေ့ဓာတ်မီးတိုင်ရဲ့ အလင်းရောင်ရဲ့ကူညီမှုဖြင့် စွဲဆောင်မှုရှိနေ၏... ဂျင်းဘောင်းဘီအနက်ရောင်ကလဲ ခြေတံရှည်နဲ့ သိပ်ကိုလိုက်ဖက်လွန်း‌နေသည်...

ဘောင်းဘီအိတ်ကတ်ထဲ လက်ထည့်ကာ ခြေထောက်ကိုသာငုံ့ကြည့်နေသူရဲ့ နဖူးထက်က နက်မှောင်သောဆံသားတွေ အောက်ဘက်သို့ဝဲကျနေပြီး ထင်ရှားသောနှာတံရှည်နဲ့ မေးရိုးထင်းထင်းကိုသာ သေချာတွေ့မြင်ရသည်တိုင် ဘယ်ဘက်ရင်အုံထဲမှာ ရင်ခုန်သံတွေက စည်းချက်မညီခုန်ပေါက်နေပြီဖြစ်သည်...

ကားထဲမှာရှိနေသည့် ဘေးတစ်စောင်းပုံရိပ်လေးကိုသာ နေ့စဉ်တွေ့နေရ၍ ယခုလို ပြီးပြည့်စုံသည့်ပုံစံမျိုးက ရဲတာကို တခဏအတွင်းမှာပင် ရင်ဖိုစိတ်လှုပ်ရှားစေသည်...

မဖြစ်နိုင်တဲ့အရာတစ်ခုကို မက်မော၍မဖြစ်သည်ကိုသိ၏... ပြီးတော့ ရဲတာက အချစ်ကိုဖော်ပြဖို့အတွက်တောင် သတ္တိမရှိဘူး... ပိုင်ရှင်ရှိပြီးသားလူအပေါ်ဆို မျှော်လင့်ချက်ရော သတ္တိရော ရှိမနေခဲ့... ရှိလဲရှိမနေသင့်ပေ...

ဘယ်လိုသတ္တိမျိုးနဲ့ ထိုသူရှေ့သွားရပ်နိုင်မည်နည်း... ခြေလှမ်းတို့ကို နောက်ပြန်လှည့်ပြီး ကျောင်းဝင်းထဲသာ ပြန်ဝင်လာခဲ့လိုက်သည်...

ရဲတာရဲ့ နိုးထချိန်တိုင်းက ရင်ပူစရာပေ... ထိုနေ့ကစလို့ ရဲတာ ကျောင်းရှေ့ထွက်မရပ်တော့သလို ချစ်ဖို့စွန့်လွှတ်လိုက်ပြီဖြစ်သော်လည်း အဖန်တလဲလဲမြင်မက်နေတဲ့ အိပ်မက်ထဲကနေတော့ ရုန်းထွက်လို့မရသေးချေ...

တိတ်တိတ်ကလေး နဲ့ တိုးတိုးလေး/တိတ်တိတ်ကလေးနဲ့တိုးတိုးလေး(Complete)Where stories live. Discover now