(Unicode)
အပိုင်း(၁၉)
သားမက်တော့ သားမက်ပေ... သို့သော်...အိမ်ပြန်ရောက်တယ်ဆိုခြင်းမှာပင် ဧည့်ခန်းထဲမှာ ထိုင်ချလိုက်ပြီး...
"ရဲတာ ဒီမှာခဏထိုင်စမ်း..."
အမေ့လေသံမာနေ၍ ရဲတာသာမက နီတာပါ လိမ်လိမ်မာမာနဲ့ကို အမေ့ရှေ့မှာဝင်ထိုင်လိုက်သည်...
"နင်နဲ့သားလင်းနဲ့က ဘာတွေလဲ..."
"ရည်းစားတွေ..."
ထိုစကားက နီတာပြောလိုက်ခြင်းဖြစ်သည်...
ရဲတာ ကြောက်ကြောက်လန့်လန့်နဲ့ အမေ့မျက်နှာကိုကြည့်လိုက်တော့ ထင်သည့်အတိုင်းပင် အမေ့မျက်နှာက မကြာခင်သည်းကြီးမည်းကြီးမိုးရွာချတော့မယ့် ကောင်းကင်ကြီးလို့ဖြစ်နေသည်...
"သားလင်းကို ငါဘယ်လိုသဘောထားလဲ သိရဲ့သားနဲ့ နင်လုပ်ရက်တယ် ရဲတာရယ်... ငါသေချင်တယ်နော်... ရှက်လို့ သေတော့မှာဘဲ..."
ရင်ဘက်ကိုထုပြီး ငိုကြွေးနေသည့် အမေ့ကို မကြည်ရဲ၍ ခေါင်းသာငုံ့ထားမိသည်...
"ဒေါ်အာကျယ်ကြီးသာ ဒီကိစ္စသိသွားကြည့်စမ်း... အမလေး စဉ်းစားရင်း ငါတော့သွေးတက်ပါပြီ..."
အခြေနေအရ ဘာမှမပြောဘဲနေရန်ဆုံးဖြတ်ထားသော်လည်း ညီမစုတ် ပါလေရာငါးပိချက်ကတော့ သူ့ကိစ္စမဟုတ်လဲ ဝင်ပါလာခဲ့သည်...
"သိသွားလဲ ဘာရှက်စရာလဲ... အခုခေတ်မှာ အချစ်ကိုအချစ်တိုင်းမြင်ပြီး အားပေးထောက်ခံတဲ့ လူငယ်အသိုင်းဝိုင်းရှိတယ်... ရှေးရိုးစွဲ လူကြီးတွေသေရင် လူငယ်တွေကဘဲ လူကြီးဖြစ်လာမှာ စိတ်မပူနဲ့..."
"တော်စမ်း!..."
သမီးဖြစ်သူစကားကိုကြားရပြီး အသက်ရှူလို့ပါမဝတော့ဘူး...
မောဟိုက်နေတဲ့ အမေ့ကိုမြင်ရတာ တကယ်အဆင်မပြေ၍ TVရှေ့က ရှူဆေးဘူးကိုယူပြီး ကမ်းပေးမိသည်...
ရဲတာ ကမ်းပေးတဲ့ ရှူဆေးကိုယူပြီး ဘာမှမပြောတော့ဘဲ အိပ်ခန်းဆီသို့ ထသွားသည့် အမေ...
အမေထသွားတော့မှ နီတာ အစ်ကိုဖြစ်သူအနားကပ်ပြီး...
"လူကြီးတွေသေတဲ့အကြောင်းပြောမိလို့ အဲ့လိုဖြစ်သွားတာများလား..."
CITEȘTI
တိတ်တိတ်ကလေး နဲ့ တိုးတိုးလေး/တိတ်တိတ်ကလေးနဲ့တိုးတိုးလေး(Complete)
Fantezie21.July.2021 Own Creation