Aho Girl (22)

342 31 2
                                    

Unicode

ဆောင်းရာသီဝင်တော့မည်ဖြစ်၍
ဂျပန်ရိုးရာအိမ်ဟောင်းလေတွင်
အေးစက်စက်နိုင်နေသည်
လူအငွေ့အသက်များရှိနေသော်လည်း တိတ်ဆိတ်မှုကြီးသည်
တစ်အိမ်လုံးကိုကြီးစိုးနေသဖြင့်
နဂိုအေးစက်နေသည်ထက်
ပို၍ပင်အေးခဲလာသလိုပင်

(ဆရာကလည်းပြောပြီးဘယ်ရောက်သွားလဲမသိဘူး
လူ့ဂွစာကလည်းစကားလာမပြောဘူး သူကဒီလိုသရဲတောင်လူမရှိဘူးထင်ပြီး လာနေလို့ရလောက်အောင် တိတ်ဆိတ်နေတာကိုသတိမထားမိဘူးလားမသိဘူး
ငါထင်တာ ဆရာကလည်းအနေအေးတော့စကားမပြောဖြစ်ကြဘူးထင်တယ် ဟူးးးး......)

လွန်းဟန်နီ ထိုလူ့ဂွစာအားတစ်ချက်လှည့်ကြည့်မိ၏
သူကအကျီအမဲရောင်လက်ရှည်ကို
ဝတ်ထားတယ် ဘောင်းဘီ ကလည်းအမဲ

(ဒီလူက ဂိုဏ်းစတားလားပဲ)

ထိုသို့အပြောခံလိုက်ရသောလူကတော့ သူ့အားကြည့်လည်းကြည့်သေး အပြောလည်းခံရသေးတာကို
လုံးဝမသိပေ

(ကြည့်ရတာအလုပ်များနေပုံပဲ)

Jakatsu Yukai သည်စာအုပ်တစ်အုပ် ဘောပင်တစ်ချောင်းဖြင့် ဆေးပင်များကိုကြည့်လိုက်  ဘေးတွင်ချထားသောစာအုပ်ကိုကြည့်လိုက် သူကိုင်ထားသောစာအုပ်ထဲတွင် ရေးလိုက်ဖြင့် တစ်ယောက်တည်း ရှုပ်ရှပ်တွေခတ်လို့

(ဒါပေမယ့်လည်း တိတ်ဆိတ်နေတာပဲ.......
နေလို့ကောင်းလိုက်တာ.....
ငါဒီဘဝရောက်ကတည်းက ဟန်ဆောင်ပြီးနေနေတာပဲ......
ခုနကတော့ ဟန်ဆောင်မနေဘဲ
ပြန်ရန်တွေ့လိုက်ရတော့ ရင်ထဲပေါ့သွားတယ်....ဟီး)

အတွေးနယ်ကျွန်လျှင့်ပင်
သူမအားအဆက်မပြတ်ခေါ်နေသောသူအားမကြား
နောက်ဆုံး စာအုပ်ဖြင့်ခေါင်းအားထုချလိုက်တော့မှ

"အားးးးး YU!!!
ဘာလို့ရိုက်တာလဲ!!!"

"ငါခေါ်နေတာကြ နားကလေးနေပြီးတော့ အခုမှလာလို့ရိုက်တာလဲYu တွေဘာတွေညာတွေလာမလုပ်နဲ့ ဘာတွေစဉ်းစားနေလို့ ဒီလောက်အော်ခေါ်နေတာမကြားရတာလဲ"

"ငါ့ဘာသာငါ ဘာပဲစဉ်းစားစဉ်းစား
နင့်အပူပါလားဟမ်!!"

"အေး မပါချင်ပေမယ့် ပါနေပြီ
ဆရာပြန်ရောက်မလာခင်
အခန်း ၁ ပြီးအောင်ကျက်ထား
မရရင် မင်းတင်မကဘူး
ငါကပါကြားထဲက အပြောခံရမှာ"

My Perfect System (Unicode  and Zawgyi)Where stories live. Discover now