Aho Girl (23)

313 33 0
                                    

Unicode

"ဟုတ်"

"ဝိယာဉ်ထိန်းချုပ်နိုင်စွမ်းကရော"

"Host ကမ္ဘာ တစ်ခုဆီရောက်လို့
Host ယူထားတဲ့ ခန္ဓာကိုယ်က စိတ်ဓာတ်တွေရဲ့ အနိုင်ယူခြင်းကို မခံရအောင်ပါ ပြီးရင် အချစ်တွေ ဝမ်းနည်းမှုတွေ မခံစားရဘဲ စိတ်ဓာတ်ကြံခိုင်အောင်ပါ"

"ဘာ ဘယ်လိုသဘောကိုပြောတာလဲ"

"ပြောရရင် Host ဝင်စားတဲ့ခန္ဓာကိုယ် ငိုတတ်တဲ့ အကျင့်ရှိရင် Host ကလဲ လိုက်ငိုလိမ့်မယ် "

"ဒါဆို အခုကျတော့ရော
ငါက ဘာလို့​လိုက်မရူးတာလဲ"

"ဒါက အဆင့်နိမ့်ကမ္ဘာလေ
Host က ကမ္ဘာတွေအများကြီးသွားရအုံးမှာလေ ဒီထက်အရမ်းမြင့်တာတွေလဲလာအုံးမှာ"

"ထင်ပါတယ် လွယ်လွန်းနေပါတယ်လို့"

"လွယ်တယ်ဆိုပဲ ဟွန့်"

"ဒါပေမယ့်လေ သူတို့တွေကြောင့် ငိုရတာတို့က ခဏပဲကို Extra points တွေအကုန်မခံချင်ဘူး"

"ဒါပေမယ့် ကြာလာရင် Host ရဲ့စိတ်ခံစားချက်တွေထိန်းချုပ်ရင်းကနေ Host ရဲ့ခန္ဓာကိုယ် ပြီးရင် Host ကို လုံးဝ ဝါးမျိုသွားလိမ့်မယ်"

"ဪ ပြောတဲ့သဘောကအဲ့လိုကိုး ဒါဆို သူတို့တွေရဲ့သဘောနဲ့ ငါကသူတို့ရဲ့ ခန္ဓာကိုယ်ထဲဝင်တာမဟုတ်ဘူးပေါ့"

"ဟင်"

"စဉ်းစားကြည့်မှ ထူးဆန်းပါတယ်လို့ Hanabatake Yoshiko ကအရူးလေ သူမက ဘယ်လိုဖြစ်ပြီး အမေကိုစိတ်ချမ်းသာအောင်ထားချင်တာတွေ ယောကျာ်းကောင်းတစ်ယောက်ယူချင်တာတွေ ဘယ်လိုလုပ်ပြီး တွေးခေါ် တောင်းဆိုနိုင်မှာလဲ နင်တို့တွေ ပေးတာမလား Mission Quests တွေက"

"ဟို ဟိုလေ ဟားးး ဟုတ်တယ်
ဒါပေမယ့် ကျွန်တော်တို့က ပေးတာတော့မဟုတ်ဘူး အစကပြောသလိုပဲ ဝတ္ထုတစ်ပုဒ် ဇာတ်ကားတစ်ပုဒ်
ဘာပဲဖြစ်ဖြစ် အဲ့တာတွေကို ဖတ်တဲ့ ကြည့်တဲ့ Viewers တွေရဲ့
ကြည့်နေရင်း စိတ်ထဲကနေ ပေါ်လာတဲ့ ဆုတောင်းတွေကို ကျနော်တို့က Mission Quests တွေအဖြစ်
ပြောင်းပြီး Task Takers တွေကို ပြန်ပေးတာပါ "

"ဪ အင်း ဒါဆို Task Takers တွေကိုဘယ်လိုရွေးတာလဲ"

"အစကတော့ Task Takers တွေကို Otaku ဒါမှမဟူတ် K drama
C drama တွေ ဝတ္ထုတွေ အဲ့လိုမျိုးတွေကို စွဲစွဲလမ်းလမ်း ဖတ်ပြီး စိတ်ကူးယဉ်တတ်တဲ့လူတွေ သေသွားရင် ကျနော်တို့က သူတို့ရဲ့ ဝိယာဉ်တွေကို ယူလိုက်ပြီး Missions တွေဆောင်ရွက်ခိုင်းတာပါ
ဒါမှမဟုတ် တစ်ခုခုကိုအရမ်းစွဲလမ်းလွန်းလို့ ဆုံးသွားတဲ့ လူတွေ
နောင်တရတွေရလွန်းလို့ သတ်သေ
သွားတဲ့ လူမျိုးတွေလဲပါပါတယ်"

My Perfect System (Unicode  and Zawgyi)जहाँ कहानियाँ रहती हैं। अभी खोजें