Aho Girl (24)

265 24 0
                                    

Unicode

လွန်းဟန်နီ မှင်ဆေးပန်းချီသင်တန်းမှ ပြန်လာချိန်တွင် ဗိုက်ဆာနေပြီဖြစ်၍ နေ့လည်စာစားရန် ဆိုင်တစ်ဆိုင်ထဲသို့ ဝင်လိုက်သည်။
စားပွဲထိုးမလေး တစ်ယောက်လာချိန်တွင် သူမ Omelet Fried Rice တစ်ပွဲ၊ ပေါက်စီနှစ်လုံး မှာလိုက်သည်။
ထို့နောက်အချိုပွဲအတွက်
ချောကလက်ကိတ်တစ်ခုနှင့် ကော်ဖီတစ်ခွက်မှာလိုက်သည်။

"Omelet Fried Rice မှာလေ Sauce မထည့်ပါနဲ့
ပြီးတော့ ကော်ဖီကိုသကြားမထည့်ပေးပါနဲ့
ကျေးဇူးပါ"

"ဟုတ်ကဲ့ ခဏနေရင် မှာထားတာတွေယူလာပေးပါမယ်"

လွန်းဟန်နီ တွင် အမူအကျင့်စရိုက်ပေါင်းအများကြီးရှိသည်။
သူမ၏နဂိုပုံစံတစ်ခုတော့ရှိသော်ငြား သူမ၏တစ်ဘဝလုံး ဟန်ဆောင်ခဲ့ရ၍ သူမ၏နဂိုပုံစံအား မေ့လျော့သွားခဲ့ပြီဖြစ်သည်။
သူမပြန်လည်မမှတ်မိချင်။
လိုအပ်သည်ဟုလည်းမထင်ပါ။
သို့သော် သူမ ကြိုက်နှစ်သက်သောအရာများနှင့် မကြိုက်နှစ်သက်သောအရာများကတော့ မပြောင်းလဲချေ။
သူမ မကြိုက်နှစ်သက်သောအရာများစွာရှိသည်။
သို့သော် သူမဘယ်သူ့ကိုမှ မပြောပြခဲ့ချေ။
အလွန်ဆုံးပြောရရင် သူမ၏ သူငယ်ချင်းများပင်လျှင် သူမ၏ အကြိုက်များကိုမသိခဲ့ချေ။
ထိုအခြင်းအရာသည်
သူမ၏ မယုံကြည်တတ်သော စိတ်ဓာတ်ကြောင့်ဖြစ်လိမ့်မည်။

သို့သော်.....
ထိုလူတစ်ယောက်ကတော့....
ခြွင်းချက်....ဖြစ်ခဲ့လေသည်....။

=========================

သူမ နေ့လည်စားပြီးနောက် ခဏလောက်နား၍ ထိုမြို့ကလေးကိုလည်ပတ်လိုက်သေးသည်။
ပြီးမှ မြေအောက်ရထားဖြင့်သာ
အပ်စိုက်သင်တန်းစီသို့ ခြေဦးလှည့်လိုက်သည်။
ရထားပေါ်မှ ကြည့်လျှင်​ ကောင်းကင်သည် တိမ်ကင်းစင်နေသည်။
ဆောင်းရာသီဝင်နေပြီ ဖြစ်၍
အပင်တိုင်းနီးပါးမှ သစ်ရွက် ပန်းရွက်လေးတွေသည် မရပ်မနားပဲကြွေလျက်ရှိသည်။

ဪ...အိမ်မက်ဆန်လိုက်တာ...

သိပ်မကြာလိုက်ပါပေ။
အပ်စိုက်ကုသင်တန်းသို့ရောက်လာခဲ့ပြီ ဖြစ်သည်။
ထို ရှေးဟောင်းဂျပန်အိမ်ကလေးထဲသို့ ဝင်လိုက်ပြီးနောက်
သူမရောက်ရောက်လာခြင်းတုန်းကနှင့် ကွာခြားမှုမရှိပေ။
ဆရာကလဲ ဝရံတာက မှီထိုင်ကုလားထိုင်ပေါ်တွင် မှီလျက်
လက်ဖက်ရည်ကြမ်းသောက်ကာ
စာအုပ်တစ်အုပ်အားဖတ်လို့နေသည်။
Yuu ကလည်း သူ့ပုံမှန်အတိုင်း
စာအုပ်နှစ်အုပ်၊ ခဲတံတစ်ချောင်းဖြင့် ဆေးရွက်များကို မှတ်လျက်ရှိနေသည်။
တစ်ခုပြောင်းလဲသွားသည်က
နဂို စားပွဲနှစ်စုံသာရှိသော ထိုနေရာလေးတွင် ယခု တစ်လုံးအသစ်တိုးလာခြင်းပင်။

My Perfect System (Unicode  and Zawgyi)Donde viven las historias. Descúbrelo ahora