Aho Girl (20)

360 36 3
                                    

Unicode

"ဒါဆို သွားတော့မယ် senpai
လမ်းကလုံးဝမတူတော့ဘူးလေ
မနက်ဖြန်တွေမယ်နော်"

"အင်း Sayonara Shiko. . . ."

-----------------------------------------------

"ငါတို့ရောက်ပြီ မင်းငါတို့အိမ်ထဲဝင်အုံးမှာဆို "

"အင်း ဒါပေမယ့် ငါအကျီလဲလိုက်အုံးမယ်"

"ဘာဖြစ်လို့လဲနေမှာလဲ"

"Ruri-chan မရောက်သေးဘူးမလား ငါလဲ ကျောင်းဝတ်စုံနဲ့ပင်ပန်းတယ်"

အချိန်ကုန်သက်သာအောင်လေ
Ruri ကိုသာထပ်ပြီးစောင့်ရလို့ကတော့ ငါလဲ တစ်သက်သင်တန်းကိုရောက်မှာမဟုတ်တော့ဘူး

"အင်းပါ လဲရင်လဲ လဲလိုက်လေ"

"အင်း"

ဒီလိုနဲ့ အိမ်ထဲကိုရောက်တော့

"Tadaimasu "

• • • • • • • •

ဘယ်သူ့ဆီကမှ ပြန်ဖြေသံမကြားသေးဘူး ဘာလဲဟ အမေကရော ဘယ်မှာလဲ

လွန်းဟန်နီ ဝင်သွားသောအခါ
အိမ်က ညနေစောင်းတော့မည်ဖြစ်သဖြင့် မီးများမထွန်းထားလျှင်တောင်မှ နေ၏ အလင်းရောင်မှိန်မှိန်လေးက အိမ်ထဲဖောက်ဝင်လျက်ရှိသဖြင့် အမှောင်ထုထဲလုံးဝကျရောက်သွားသလိုမဖြစ်ပဲ အရာဝတ္ထုများကို အနဲငယ်တော့ မြင်နေရသည် လွန်းဟန်နီ မီးခလုတ်ကိုလိုက်ရှာပြီးဖွင့်ကြည့်လိုက်တော့ တစ်အိမ်လုံးမှာ လူအရိပ်အယောင်တောင်မရှိပေအိမ်ကတော့ သန့်သန့်ရှင်းရှင်း ထမင်းစား စားပွဲပေါ်တွင်တော့ ဟင်းအချို့ကို မိုး​​ပြာရောင်
ဇကာအုပ်စောင်းလေးဖြင့်
အုပ်ထားလျက် ၎င်းပေါ်တွင်
စာတိုလေးတစ်စောင်သာနေရာယူလျက်ရှိသည် ထိုစာကိုရေးသည့်သူက သူမ၏အမေဖြစ်သည်

<<ဒီနေ့အမေ့သူငယ်ချင်းတွေကခေါ်လို့ အပြင်သွားနေတယ် စားပွဲပေါ်မှာ ဟင်းတွေရှိတယ် သမီးပြန်ရောက်တဲ့အချိန်ဆို ဟင်းတွေအေးနေလောက်ပြီ ပြန်နွေးလိုက်အုံး
ပြီးရင် ဆောင်းရာသီရောက်တော့မယ် နွေးနွေးထွေးထွေးနေ မနက်ဖြန် Akuru တိုနဲ့အပြင်သွားမှာဆို နွေးနွေးထွေးဝတ်သွား
လှလှလေးဝတ်သွားနော်

My Perfect System (Unicode  and Zawgyi)Where stories live. Discover now