Aho Girl (19)

345 24 3
                                    

Unicode

"Akkun ငါတို့ မနက်ဖြန်ချိန်းထားတာဖျက်ရတော့မယ်"

"ဘာဖြစ်လို့လဲ"

"ငါ သင်တန်းတွေရှိလို့"

"ဘာသင်တန်းလဲ"

"ပန်းချီ"

"မင်း ပန်းချီကို စိတ်မဝင်စားပါဘူး "

"ဟုတ်တယ် အခုမှ စိတ်ဝင်စားတာ
အဲ့ဒါ Ruri chan ကို ပြောပြမလို့
နင့်အိမ်ကို ခဏလောက်ဝင်မလို့"

"အင်းရတယ်လေ
ပြောနေသေးတယ်
အရင်တုန်းကတော့ ခွင့်တောင်မတောင်းဘဲ ကိုယ့်အိမ်လိုမျိူး ဝင်ချင်သလို ဝင် ထွက်ချင်သလိုထွက်နေပြီးတော့...."

တမင်သက်သက် ဟိုတစ်ယောက်
သဝန်တို အောင်လုပ်နေမှန်းအသိအသာကြီး အဲ့ဒီတစ်ယောက်လည်းသိလောက်တယ် ဟု လွန်းဟန်နီ တွေးကာ Tatsuki Iincho ကို လှည့်ကြည့်လိုက်တော့ အမဲရောင် aura တွေကိုသာတွေ့လေသတဲ့

( -_-
ဘာလဲဟ. . . .)

အဲ့လိုနဲ့ သူတို့အိမ်သို့ပြန်လမ်းတွင်
သူတို့သုံးယောက်သည် လူတွေရဲ့အကြည့်တွေနဲ့တင် ပြည့်နှက်နေခဲ့သည် အကြည့်တစ်ခုကသာ အပ်တစ်ချောင်းစိုက်နိုင်တယ် ဆိုပါက
အပ်ပေါင်းများစွာရဲ့ ထိုးစိုက်မှုကြောင့် သူတို့သုံးယောက်လုံးသေလိမ့်မည်မှာတော့ အမှန်ပင်
လွန်းဟန်နီ ကတော့ပြောစရာမလိုပင် သူမ၏ ရွှေရောင်ဆံနွယ်များသည်သူမ လမ်းလျှောက်လိုက်တိုင်း ခြေလှမ်းများနှင့်အတူ ယိမ်းနွဲ့နေကြသည် သူမ၏ ကြေးနီရောင်မျက်လုံးများကတော့
လျို့ဝှက်မှုတွေပါဝင်ကာ
သူမအကြောင်းကို လွယ်လွယ်နှင့် ထုတ်မပြဘူးဆိုတာ ကို သူမရဲ့မျက်လုံးကို ကြည့်ရုံနှင့်တင် သိနိုင်သည် ထို့အပြင် သူမကို Peace Aura ကလွှမ်းခြုံထားခြင်းကြောင့်
သူမ၏ ယခု ခန္ဓာကိုယ်ပုံစံနှင့် လိုက်ဖက်နေသည်မှာ အမှန်ပင်ဖြစ်သည်

တစ်ဖက်တွင် Tatsuki Iincho ပင်ဖြစ်သည်
(A/N:သိတယ် သိတယ် မတရားလှကြောင်းတွေပြောနေတယ်ဆိုတာ
မတတ်နိုင်ဘူးလေ. . . သေချာစဉ်းစားပြီးမှရေးထားရတာဆိုတော့
ဖတ်လိုက်ပါအုံးနော်. . .)

သူ၏ အဓိကဆွဲဆောင်ချက်ကို ပြောပြပါဆိုလျှင် ခန္ဓာကိုယ်တစ်ခုလုံးကင် ဖြစ်သည် အထူးသဖြင့်
အရပ် နှင့် သူ၏ မျက်လုံးများဖြစ်သည် အရပ်ကတော့ တမူထူးခြားစွားရှည်နေခြင်းကြောင့်
လူအများထဲတွင်ထင်းထွက်နေသည် ထို့နောက် သူ့၏ မျက်လုံးများထဲ ညှို့ဓာတ်များပါနေ၍ သူ့မျက်လုံးကို သေချာစိုက်ကြည့်လေလေ ပိုပြီးရုန်းမထွက်နိုင်ပင်ဖြစ်သည် သူတို့၏ စိတ်ထဲတွင်တော့ သူတို့ဘက်ကို လှည့်များကြည့်လာမလားဆိုပြီး ရင်တမမ ဖြင့်စောင့်နေကြသော်လည်း သူ့၏ မျက်လုံးများသည် တစ်စုံတစ်ယောက်ထံသာရောက်နေတော့သည် ဘေးပတ်ဝန်းကျင်ကိုလည်း သတိမပြုမိပေ
သူ့ဆံနွယ်တွေကတော့ ခရမ်းရောင်လှိုင်းတွန့်ကလေးများဖြစ်သည်

My Perfect System (Unicode  and Zawgyi)Where stories live. Discover now