Aho Girl (25)

250 24 0
                                    

Unicode

သူမတို့ကျောင်းပြန်ဖွင့်သောနေ့တွင် Jakatsu Yukai ကျောင်းပြောင်းလာခဲ့သည်။
Yuu က Tatsuki Iincho နဲ့အတန်းတူတယ်လေ။
တိုက်ဆိုင်ချက်ကတော့ တစ်ခန်းထဲပါအတူကျသွားခဲ့တယ်။

အခုတော့ Yuu ကလည်းချော...
Senpai ကလည်းချော...
အင်းးးး ခက်တယ်...ခက်တယ်...

လွန်းဟန်နီ Akkun အား
Yuu ဖြင့် မိတ်ဆက်ပေးရန်
ခေါ်သွားခဲ့သည်။
အခန်းရှေ့ရောက်တော့
အခန်းထဲက အကြီးတန်းတွေက
သူမနဲ့ Tatsuki Iincho ရဲ့ အကြောင်းတွေကြားထားတယ်။
အဲ့တော့ Tatsuki Iincho ကိုတွေ့ဖို့လာတယ်ထင်ပြီး သူမစီကို စကားတွေလာပြောကြ ရင်းရင်းနှီးနှီးတွေနေနေကြသည်။

"Tatsuki ကိုတွေ့ဖို့လာတာလား..."

"ဟို မဟု-"

"ဪ မေးနေစရာလား
သေချာတာပေါ့ နော်"

"မဟုတ်-"

သိပ်ပင်မကြာလိုက် သူမအနားတွင် လူတွေများလာခဲ့သည်။

Tatsuki Iincho လည်းရောက်လားပြီး

"ဘာတွေဖြစ်နေကြတာလဲ..."
သူ့ရဲ့ပုံစံအတိုင်းပဲ နတ်သားလိုမျိုး အရှိန်အဝါဖြင့် ပြုံးကာမေးလိုက်သည်။
ထို့နောက် လူတွေအုံနေသော နေရာကို ကြည့်လိုက်တော့ သူမအားတွေ့သွားခဲ့သည်။
သူမကိုတွေ့လိုက်ရချိန်တွင်တော့
နဂိုတောက်ပနေသောအပြုံးသည်
ပို၍တောက်ပလာကာ
နတ်ဘုရားပင်ရှုံးလောက်သည်။

"Shiko!"

"Ohaiyo Senpai..."

"ဒီကိုဘာလာလုပ်တာလဲ"

"သူငယ်ချင်းတစ်ယောက်နဲ့လာတွေ့တာပါ"

အဖြေကိုကြားပြီးနောက်
သူ့ရဲ့ မျက်ဝန်းထဲတွင် အနဲငယ်
အားငယ်မှုများဖြတ်သန်းသွားခဲ့သည်။
ထို့နောက်မှ....ပုံမှန်အတိုင်း

"ဘယ်သူနဲ့လဲ"

"ဪ Senpai နဲ့မိတ်ဆက်ပေးမယ်လေ"

"အင်း"

သူတို့နှစ်ယောက် အခန်းထဲကိုကြည့်လိုက်သောအခါ
မိန်းကလေးအချို့ဝိုင်းနေသော
Jakatsu Yukai ကိုတွေ့လိုက်သည်။

ပြောတော့ နာမည်မကြီးပါဘူးလေး
ဘာဘူးလေးနဲ့ ဟွန့်

ဒါပေမယ့်လည်းအပြင်ဘက်မှာတော့ သူ့ကို တွေ့သည်နှင့်တစ်ပြိုင်နက် လှမ်းခေါ်လိုက်တော့သည်။

My Perfect System (Unicode  and Zawgyi)Where stories live. Discover now