Aho Girl (13)

387 32 0
                                    


UNICODE

သူမတို့ Cafe ကိုရောက်တော့
သူမတို့ထိုင်ခုံနေရာ
စဉ်းစားရပါတော့တယ်
လွန်းဟန်နီ က

"Akkun နဲ့ ငါ
ထိုင်လိုက်မယ်
President တို့က
အဲ့မှာထိုင်လိုက်လေ
ရတယ်မလား
Akkun"

"အင်း ရတယ်"

"မရဘူးးးးး!!!!"

"ဘာလို့လဲ..."

"ငါ ငါပြောချင်တာက
...."

"အင်းပြောလေ"

"ဟို ဟို
အာသိပြီ
ဒါ ဒါကိုလေ
Double date လုပ်လိုက်မလား"

"Double date?
ငါကတော့ အဆင်ပြေပါတယ်"

"ကိုယ်လည်း Okပဲ"
ဆိုပြီး Tatsuki Iincho
လွန်းဟန်နီ အားကြည့်ကာ
ဝင်ပြောလာသည်

"ငါလည်းအဆင်ပြေပါတယ်"
Akkunလည်း လွန်းဟန်နီ အား
ကြည့်ကာ ဝင်ပြောလာသည်

"ဒါဆို ငါနဲ့ Akkun ကတစ်တွဲ
Yoshiko နဲ့ Nii-san
ကတစ်တွဲ"

"အင်း ok လေ"

"ဟင် ဒါ ဒါပေမယ့်...
Akkun? "

"ငါ Yoshiko နဲ့
တွဲလိုက်မယ်"

"ဟုတ်တယ် Akkun နဲ့
ငါနဲ့က ငယ်ငယ်လေးထဲက
သိလာတာ အဲ့တော့ပိုအဆင်ပြေတာပေါ့နော်"

Tatsuki Iincho မျက်မှောင်ကျုတ်မိသည်
တစ်သက် သူအငြင်းမခံဖူးချေ
ထို့နောက် သူ
မဲ့ပြုံး ပြုံးမိသည်

(Host! Tatsuki Iincho
ရဲ့ Love Point 7%
တက်သွားပါတယ်
လောလောဆယ် 7%ပါ)

(Wow မြန်လိုက်တာ
ငါတောင်ဘာမှမလုပ်ရသေးဘူး)

"ဒါပေမယ့်
ကိုယ်က ကိုယ့်ညီမနဲ့
ပြန်တွဲလို့မရဘူးလေ"

"ဟုတ် ဟုတ်တယ် ငါက
Nii-san နဲ့ပြန်တွဲလို့မှမရတာ"

"ဒါက..."

"ထားလိုက်ပါတော့ Akkun
ဒီအတိုင်း
ထိုင်လိုက်ကြရအောင်
လူတွေကြည့်နေပြီ"

"အင်းးး"

နောက်ဆုံးတော့
မိန်းကလေးနှစ်ယောက်တတွဲ
ယောကျာ်းလေးနှစ်ယောက်တတွဲ
ထိုင်လိုက်ရသည်
လွန်းဟန်နီ ရှေ့တွင်တော့
Tatsuki Iincho
ထိုင်ကာ Akuru Akutsu
ကတော့ Fuuki Iincho
​ေရှ့တွင်ထိုင်သည်

ထို့နောက် waiter လေးတစ်ယောက်ရောက်လာကာ
မှာမည့်စာရင်းများအားမေးသည်
ထိုအချိန်တွင် Akkun က

My Perfect System (Unicode  and Zawgyi)Where stories live. Discover now