Aho Girl (16)

398 29 4
                                    

Unicode

အခု Yoshiko က သူတို့
နှစ်ယောက်အလယ်တွင်
တစ်ဖက်တစ်ချက်ဆီမှ
ဆွဲထားခြင်းကို ခံထားရသည်
ထိုအချိန်တွင်

ချပ်

အသံတစ်သံ ထွက်ပေါ်လာသည်

ဓာတ်ပုံရိုက်သံ တစ်သံထွက်လာသည် ထို့နောက်

ချပ်

ချပ်

ချပ်

သူတို့သုံးယောက်ကို
ဓာတ်ပုံတွေဆက်တိုက်
ရိုက်နေကြသည်
လွန်းဟန်နီ လူမသိအောင်
ခိုး၍ပြုံးမိသည်
ထိုအချိန်တွင်
Akuru Akutsu ဘာလုပ်လို့
ဘာကိုင်ရမယ်မှန်းမသိတော့ပေ
သူဒီလိုအခြေအနေတစ်ခါမှ
မကြုံဖူးပေ သို့သော်
Tatsuki Iincho ကတော့
ကြုံနေကြဖြစ်သဖြင့်
မတုန်လှုပ်သွားခဲ့ပေ
သူထို အခွင့်အကောင်းကို
ယူကာ Yoshiko အား
ဆွဲခေါ်သွားလေသည်
Yoshiko ကတော့ သူနောက်မှာ တစ်ကောက်ကောက်
ပါသွားလေသည်
သူတို့နှစ်ယောက် ပြေးနေသည့်ပုံမှာ
Drama ထဲကလို
slow motion နဲ့ပြသလို
Yoshiko ရဲ့ တစ်ဝက်ခွဲစီးလာတဲ့
ရွှေဝါရောင် ဆံနွယ်တွေဟာ
လေထဲတွင် ပြေးနေသည့်
ခြေလှမ်းများနှင့်အညီ ယိမ်းနွဲ့နေသည် သူမတို့ပြေးသွား​
သောလမ်းတစ်လျှောက်တွင် အမွှေးနံ့တွေ
ကျန်နေခဲ့သည် လူတော်တော်
များများကသူတို့ကြိုက်တဲ့
အနံလေးတွေရတော့
သူမနောက်ကို လိုက်သွားချင်သော်လည်း Tatsuki Iincho
ကို သူမရှေ့တွင်တွေ့ရသောအခါ
လိုက်ချင်စိတ်တွေ ​ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ကြသည်

Tatsuki Iincho က​ေတာ့ပြေးနေတုန်းပင်ဖြစ်သည်
သူတို့နှစ်ယောက် အပြေးဆုံး
သွားသည့်နေရာကတော့
ကျောင်းရဲ့အနောက်ဘက်ကို
ဖြစ်သည် ထိုနေရာကို
ရောက်သောအခါ နှစ်ယောက်လုံးပြေးလာရသဖြင့် မောပန်းနေသည်
စကားပြောဖို့ကိုပင် အနိုင်နိုင် ဖြစ်နေသည် ထို့ကြောင့်သူတို့နှစ်ယောက်ကြားတွင် တိတ်ဆိတ်မှုကြီးသည် လွှမ်းမိုးထားပြီး နေရခက်နေသည် လွန်းဟန်နီ အမောပြေသောအခါ ပတ်ဝန်းကျင်ကို
တစ်ချက်ကြည့်မိသည်
ထိုနေရာသည် anime တော်တော် များများတွင် love confessions တွေလုပ်တဲ့တဲ့နေရာနှင့်ဆင်တူသည်
သူတို့နှစ်ယောက်ဘေး ပန်းအိုးလေးတွေ ကိုတွေ့ရပါတယ်
ဲ့ဒီပန်းအိုးလေးတွေထဲမှာ
အဖြူရောင် ပန်းရောင် အနီရောင်
ပန်းတွေကိုတွေ့ရတယ်
အိုးတစ်လုံးစီမှာ ကွဲပြား
ပြီးရှိနေပေမယ့် သူတို့တွေက မျိုးစိတ်တစ်ခုထဲကဆိုတာ
သိသာပါတယ် အရောင်တွေ
ကွဲပြားနေပေမယ့်လည်း သူတို့ကို သေ​​သေချာချာ ကြည့်ရင် တူညီနေတာကိုတွေ့ရပါလိမ့်မယ်

My Perfect System (Unicode  and Zawgyi)Where stories live. Discover now