"ကျွန်တော် အခုစာပြနေတော့ ဝင်ငွေကလဲ အိုကေ စိုပြည်တယ်... ပြီးတော့ ကျွန်တော့်ဘဝကို ‌သာမာန်အတိုင်းဘဲ ဖြတ်သန်းချင်တာ... စာသင်လို့ ပိုက်ဆံစုပြီးရင် ကိုလင်းလိုဘဲ ဆိုင်လေးတစ်ဆိုင်ဖွင့်မယ်... ခရီးတွေထွက်ချင်ရင်လဲ စိတ်ကြိုက်ထွက်မယ်... ဖွင့်ထားတဲ့ဆိုင်ကို ပိတ်ချင်ရင်လဲ ပိတ်ပစ်လိုက်မယ်... ပိုက်ဆံအတွက်က ကိုလင်းရှိသလို အမေ့ဆီကလဲ အမွေရဦးမှာလေ... ကျွန်တော် ကျောင်းစာတွေကို စိတ်ကုန်နေပြီ..."

အခု ကောင်းဇေလင်း လက်ခုပ်တီးသင့်သလား... မျက်နှာကိုချီပြီး သူ့ဆုံးဖြတ်ချက်သူ ကျေနပ်နေတဲ့ ချစ်သူလေးကို တော်လိုက်တာလို့ ချီးကျူးပေးသင့်သလား...

"ဒါဆို ညီက အခု စာဘဲလိုက်ပြဦးမှာပေါ့..." လို့ သေချာအောင် နောက်ဆုံးအကြိမ်အဖြစ် မေးကြည့်မိသည်...

"အဲ့တာဘဲလုပ်စရာရှိတယ်ဆိုတော့ စာဘဲဆက်ပြရဦးမှာပေါ့... ဂျပန်N4ကို ဆက်မတက်ဘဲ digital artပိုင်း နည်းနည်းစိတ်ဝင်စားနေတော့ အားလပ်ချိန်မှာ သင်တန်းစုံစမ်းကြည့်ရဦးမယ်..."

ကောင်းဇေလင်း ခေါင်းညိတ်ကာ ချစ်သူလေးသဘော. စိတ်ကြိုက်လုပ်တော့ဆိုပြီး လက်ခံလိုက်တော့တယ်...

မှာထားတဲ့ အသားတွေလဲရလာပြီမို့ ကိုယ်တိုင် Hot potအိုးထဲထည့်ပေးပြီး စားလို့ရပြီဖြစ်တဲ့အသားတွေကို ချစ်သူလေးပန်းကန်ထဲ အဆင်သင့်ထည့်ပေး၍ အလုပ်ရှုပ်ရပြန်သည်...

စားပြီးချိန်မှာ ရဲတာ ကိုယ့်ပါးစပ်ကို တစ်ရှူးနဲ့သုတ်လိုက်တော့ ကိုလင်းက တစ်ရှူးနဲ့ နဖူးထိပ်ကချွေးတွေကို သုတ်ပေးလာပြန်သည်...

"အဲ့တော့ နီတာက ဘားအံကွန်ပျူတာကို လျှောက်မယ်လို့ပြောတာလား..."

သောက်ရေထည့်ပေးရင်း မေးလာသည့် ကိုလင်း...

"အင်း..."

ချစ်သူလေးသောက်ရန် ရေခွက်ကို လက်ထဲထည့်ပေးလိုက်ပြီး...

"ကွန်ပျူတာပိုင်းကို စိတ်ဝင်စားလို့လား..." လို့ ထပ်မေးလိုက်တော့ ရေခွက်ကို နှုတ်ခမ်းနားတေ့ကာ မသောက်သေးဘဲ ပြန်ဖြေလာခဲ့သည်...

တိတ်တိတ်ကလေး နဲ့ တိုးတိုးလေး/တိတ်တိတ်ကလေးနဲ့တိုးတိုးလေး(Complete)Where stories live. Discover now