"တီလေးတို့အိပ်နေတုန်း ဝုန်းကနဲအသံကြားလို့ ထကြည့်မိတော့ မင်းတို့အဖွား ထမင်းထချက်ရင်း မေ့လဲနေတာကိုတွေ့ရတာဘဲ... ပြီးတော့ တစ်ခါတည်း အ... သက်..."

ဆက်ပြောမထွက်တော့ဘဲ ငိုသာငိုနေတော့သည့် တီလေးကိုကြည့်ပြီး သက်ပြင်းချမိသည်... အဖြစ်အပျက်တွေက တကယ့်ကိုမြန်ဆန်လွန်းလှသည်ဘဲ...

လက်မောင်းပေါ်မှီကာ အငိုမရပ်သေးတဲ့ ‌ချစ်သူလေးရဲ့ ခေါင်းကိုဖွဖွလေးပုတ်ပေးပြီး နှစ်သိမ့်ပေးရုံသာ တတ်နိုင်တော့သည်...

အန်တီနီတာရဲကတော့ လုပ်စရာရှိတာတွေကို လူကြီးတွေနဲ့ တိုင်ပင်လျက်ရှိနေသည်...

ကောင်းဇေလင်းရဲ့ အကြည့်တို့ အဘွားခန္ဓာဘေးမှာ ခွေခွေလေးအိပ်နေတဲ့ အဖိုးဆီသို့ ရောက်သွား၏...

အဖိုးစိတ်ထဲမှာ အဖွားအိပ်နေတယ်လို့များ တွေးနေမလား... နောက်ရက်တွေမှာ အဖွားကို မတွေ့ရတော့ရင်ကော ဘယ်လိုဖြစ်သွားမလဲ...

သားဖြစ်သူနဲ့ သားလင်းဆီ နီတာရဲ ခဏခဏကိုကြည့်နေမိသည်... ပခုံးမှီကာငိုနေတဲ့သားရဲ့ခေါင်းကို ညင်ညင်သာသာလေးပုတ်ပေးကာ ချော့မြူနေသည့်ပုံစံကြောင့် ရင်တမမဖြစ်လာသည်...

မနက်မိုးလင်းလို့ အိမ်ရှေ့မှာ မဏ္ဌပ်ဆောက်ချိန်မှာလဲ ကောင်းဇေလင်းကိုယ်တိုင် ဦးဆောင်းပေးဖြစ်သလို အသုဘချချိန်နဲ့ ရက်လည်ဆွမ်းကျွေးနေ့အထိ ကောင်းဇေလင်း တစ်ရက်မှ ကောင်းကောင်းအနားမယူဖြစ်ခဲ့...

မဏ္ဌပ်ပြန်ဖျက်ပြီးမှသာ ကောင်းဇေလင်း စိတ်ချလက်ချနားနိုင်တော့သည်...

အိမ်ရှေ့ကွပ်ပျစ်မှာ ထိုင်နေမိတုန်း ကောင်းဇေလင်းနား လာထိုင်သည့် အန်တီနီတာရဲ...

"သားလင်းလဲ ပင်ပန်းနေပါပြီကွယ်... သားကို အန်တီ တကယ်ကျေးဇူးတင်ပါတယ်..."

သူ(မ)အတွက် တကယ်အားကိုရတဲ့ သားတစ်ယောက် ကောက်ရလိုက်သလိုဘဲဆိုတာသိသလို ကိုယ့်မိသားစုအရေးကြောင့်ပင်ပန်းနေတဲ့ ကလေးတစ်ယောက်ကို ဘာမှထပ်မပြောထွက်တော့၍ သားလင်းဘေးမှာသာ တိတ်တဆိတ်ထိုင်နေမိတော့သည်...

တိတ်တိတ်ကလေး နဲ့ တိုးတိုးလေး/တိတ်တိတ်ကလေးနဲ့တိုးတိုးလေး(Complete)Where stories live. Discover now