စာအုပ်သိမ်းနေစဉ်မှာ မဝင့် ရဲတာနားရောက်လာခဲ့သည်...

"နီတာ ဘာလို့သင်တန်းမလာတာလဲ... နေမကောင်းလို့လား..."

"ဟမ့်..."

ရဲတာ ရယ်သံပင်ထွက်သွားရတဲ့ မေးခွန်းပေ...

စိုးရိမ်‌စိတ်ပြည့်နေတဲ့ မဝင့်ရဲ့ မျက်နှာကို သေချာကြည့်လိုက်ပြီး...

"နီတာက စိတ်ပြောင်းလဲအရမ်းမြန်တာ... ဆယ်တန်းစာမေးပွဲဖြေပြီးလို့ လက်လျားလက်လျားဖြစ်နေတုန်း မဝင့်ကို သဘောကျခဲ့တာ... လပိုင်းဘဲရှိသေးရင်တောင် နီတာ့အတွက်ကတော့ ဇွဲတော်တော်ကောင်းနေတယ်လို့ပြောရမယ်..."

ရဲတာ နောက်ဆုံးအနေနဲ့စကားတစ်ခွန်းပြောခဲ့ပြီး ထွက်လာလိုက်တယ်...

"မဝင့်ဘက်က မဆွဲထားရင် နီတာ တကယ်စိတ်ပြောင်းသွားနိုင်တယ်..."

ကျန်ခဲ့တဲ့သူက ဘယ်လိုဖြစ်နေမလဲ မသိပေမယ့် ရဲတာကတော့ ပြုံးစိစိဖြစ်နေသည်... ကိုယ့်ညီမရဲ့ မျောက်စိတ်ဆိုတာ ကြိုက်နေတဲ့အရာကို မကြိုက်တော့တာမဟုတ်ဘဲ အခုစိတ်ကောက်ရင် ခနနေစိတ်ပြန်ပြေပြီး အခုဗိုက်မဆာရင် ခ‌နနေ ဗိုက်ဆာတတ်တဲ့ မျောက်စိတ်မို့ပေါ့...

ရဲတာ ထားခဲ့ရာနေရာမှာတင် ကျန်ခဲ့သည့် ဝင့်ရတီကတော့ ပုံမှန်စိတ်အခြေဆီသို့ တော်ရုံနဲ့ပြန်ရောက်မလာတော့ပေ...

ဝလုံးလေးကို သွားမကျိုခင်မှာပင် အိမ်ပြန်လွှတ်ခဲ့တဲ့ ရှေ့ရက်တွေက ရတီ့အတွေးကို စိုးမိုးလာသည်... ကောင်မလေး တကယ်စိတ်ပြောင်းသွားပြီလား...

ရဲတာရဲ့ သဘောခွီးနေတဲ့မျက်နှာဟာ သင်တန်းရှေ့ရောက်တော့ တည်တင်းသွားတော့သည်...

သူက ဘယ်လိုလုပ်...

ကားကိုစတိုင်ကျကျမှီရပ်နေတဲ့ ချောမောလွန်းသည့်ထိုသူအား သင်တန်းထဲက ထွက်လာသည့် မိန်းမငယ်လေးတွေက ကွက်ကြည့်ကွက်ကြည့်သာမဟုတ်ဘဲ ပေါ်တင်ကြည့်နေကြသည်...

ရဲတာကတော့ ထိုသူ့ရှေ့တည့်တည့်မှာ သွားရပ်လိုက်ပြီး

"ကျွန်တော် ဒီမှာသင်တန်းတက်နေတာကို ဘယ်လိုသိတာလဲ..." လို့ မေးလိုက်တော့

တိတ်တိတ်ကလေး နဲ့ တိုးတိုးလေး/တိတ်တိတ်ကလေးနဲ့တိုးတိုးလေး(Complete)Where stories live. Discover now