"သွားမယ်! စုထျန်းထျန်းဆိုတာကို သွားနားထောင်ကြမယ်"

ရယ်မောပြီးသည့်အခါ နင်မုန့်က လင်းချင်ပေ့ကို မျက်လုံးဖြင့် အချက်ပြပြီးနောက် စုထျန်းထျန်းရဲ့ အသံသွင်းအခန်း အပြင်သို့ ခေါ်သွားသည်။ သူတို့ရပ်နေတဲ့ နေရာကနေ စုထျန်းထျန်းရဲ့ သီချင်းဆိုနေသံ ခပ်တိုးတိုးကို ကြားနေရသည်။

စုထျန်းထျန်းအသံက အမှန်တကယ်ကို အပြောင်းအလဲ‌ ပြုနိုင်သည်။ သူမ အသံကို ခပ်ရှရှကနေ ချိုသာသောအသံသို့ ပြောင်းလဲသီဆိုနိုင်၏။ အမျိုးသားတစ်‌ယောက်က ရေးထားသော သီချင်းမို့ keyက အနိမ့်ဖြစ်လေ၏။ သူမ သီဆိုလိုက်သည့်အခါ သီချင်း ဘယ်လောက်ဝမ်းနည်း‌စရာကောင်းမှန်း ခံစားရနိုင်လေသည်။

ချက်ချင်းပင် လင်းချင်ပေ့ရဲ့ နင်မုန့်အပေါ် ရှိ အမြင်ကောင်းတို့ ကွယ်ပျောက်သွားလေသည်။ လုံးဝကို ဒီသီချင်းက သူဆိုရမည့် သီချင်းပေ။ သူ့အနုပညာသည်ဘဝကို တဆစ်ချိုးပေးနိုင်သည့် ဒီသီချင်းကို သူ သီဆိုချင်လေသည်။ အခုတော့ နင်မုန့်က သူ့ရဲ့ အရာအားလုံးကို ဖျက်ဆီးပစ်လိုက်တာမို့ နင်မုန့်ကို အပြစ်တင်တော့သည်။ နင်မုန့်ကို သူဘယ်လောက်မုန်းကြောင်း တွေးနေစဉ်မှာပင် သီချင်းနှင့်ပတ်သက်ပြီး ပြောလာသော နင်မုန့်အသံကို ကြားလိုက်ရသည်။

"သီချင်းက မဆိုးဘူးမလား"

'ဂီတက ဘာလဲဆိုတာရော ဒီမိန်းမက သိလို့လား။ မဆိုးဘူးလို့‌ ဘယ်လိုတောင် ပြောရက်နိုင်ရတာလဲ!"

"ဘာသီချင်းကို ကောင်းတယ်လို့ ပြောချင်တာလဲ " လင်းချင်ပေ့ ထေ့ငေါ့စွာမေးလိုက်သည်။

"မနေ့က ငါရေးခဲ့တဲ့သီချင်းကို မစစ်ဆေးကြည့်ဘူးလား"

"စစ်ကြည့်ဖို့ရော တန်လို့လား"

လင်းချင်ပေ့သည် သီချင်းဆိုတာ၌ အမှန်တကယ်ကို အရည်အချင်းရှိလေ၏။ တခေါက်ကြည့်ရုံနှင့် သံစဉ် စာသားတွေကိုပါ မှတ်မိနိုင်သည်အထိ။ ဒါကြောင့်ပဲ သူ့အတွက် လေ့ကျင့်ဖို့ ကြည့်စရာမလိုဘူးဟု လင်းချင်ပေ့တွေးလိုက်သည်။

"အိုကေ ပြီးတာပါပဲ။ နောက်မှ လေ့ကျင့်ပေါ့။ အနာဂတ်ရဲ့ ကျွန်မ ကြယ်ပွင့်လေးအပေါ် ယုံကြည်ပြီးသား!"

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now