ချောင်ရွှယ်ဟွာတစ်ယောက် နင်မုန့်အဖေနှင့် လက်ထပ်ပြီးလိုက်တည်းက စုထျန်းထျန်းသည် အနုပညာနယ်ပယ်ထဲသို့ စွန့်စွန့်စားစားဝင်လာသည်။ သူမက သီချင်းကောင်းကောင်းဆိုနိုင်သလို အကလည်း ကောင်းကောင်းကတတ်သည်မို့ တခြားအနုပညာရှင်တွေကြား ပို၍ ထင်သာမြင်သာရှိလာသည်။ ဒါ့အပြင် နင်ဝမ့်ထောင်ရဲ့ အဆက်အသွယ်တွေကြောင့် သူမရဲ့ အောင်မြင်မှုက မျှော်လင့်ထားတာထက် ပိုမြန်‌သွားလေသည်။

ထို့နောက်တွင်တော့ ဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်လာသည်။ ဒါကြောင့်ပဲ သူမရဲ့ နာမည်က တရုတ်တစ်နိုင်ငံလုံး မသိတဲ့သူ သိပ်မရှိသလောက်ပေ။ ယခုအခါ စုထျန်းထျန်းသည် အနုပညာလောကထဲမှ အကျော်ကြားဆုံးသော အနုပညာရှင် တစ်ယောက်အဖြစ် ရပ်တည်လာနိုင်‌လေပြီ။

"ချင်ပေ့ပါလား" စုထျန်းထျန်း အပြုံးလေးနှင့် ပြောလိုက်သည်။

"အမ ဘာလို့ ဒီရောက်နေတာလဲ။ အမလည်း သီချင်းလာသွင်းတာလား" လင်းချင်ပေ့ အရိုအသေပေးရင်း မေးလိုက်သည်။

"ငါ ရှောင်ယောက်ကျွင်းကို သီချင်းရေးဖို့ တောင်းဆိုးထားတာ သိတယ်မလား။ အစက လူတစ်ယောက်အတွက် ပြင်ဆင်ထားခဲ့တာ အခုအဲ့လူက မလာတော့ဘူးလေ။ ဒါကြောင့်ပဲ ငါကိုယ်တိုင်ဆိုဖို့ ဆုံးဖြတ်လိုက်တာ"

စုထျန်းထျန်းစကားကို နားထောင်လိုက်သည့်အခါ နင်မုန့် မပျော်ရွှင်တော့ပေ။ စုထျန်းထျန်းပြောလိုက်တဲ့ စကားတွေက လင်းချင်ပေ့ရဲ့ နင်မုန့်အပေါ် အမုန်းတွေကို ပို၍ကြီးမားလာအောင် လှုံ့ဆော်ပေးသည့်ပုံ ဖြစ်နေလေသည်။ ဒါ့အပြင် ရှောင်ယောက်ကျွင်းဆိုတာက နာမည်အကြီးဆုံး တေးရေးဆရာ ဖြစ်နေသည်လေ။ သူ့သီချင်းကို ဆိုပြီးသည့် လူတိုင်း သေချာပေါက် နာမည်ကြီးမှာ ဖြစ်၏။ မျှော်လင့်ထားသလိုပင် လင်းချင်ပေ့ပုံစံက စိတ်ဓာတ်ကျသွားလေသည်။

"မုန့်မုန့် ဘာလို့ စကားမပြောတာလဲ" စုထျန်းထျန်း မေးလိုက်သည်။

စုထျန်းထျန်းရဲ့ သူမအပေါ် အမုန်းတွေကို နင်မုန့် ခံစားမိလေ၏။ စစချင်းက နင်မုန့်အနေဖြင့် စုထျန်းထျန်းနှင့် သူငယ်ချင်းဖြစ်အောင် ကြိုးစားရန် စီစဉ်ထားခဲ့သော်လည်း သူမမြင်နေရသည့် မိထွေးနှင့် မယားပါသမီး၏ အပြုအမူတွေက နင်မုန့်တောင်းပန်တာတောင် ခွင့်မလွှတ်ဘူးဆိုသည့် စိတ်ထားပေါ်လွင်နေလေသည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Hikayelerin yaşadığı yer. Şimdi keşfedin