"အင်း..." ဟု အသံရှည်ကြီးဆွဲကာဖြင့် ရေခဲသေတ္တာထဲမှ Miloဘူးကို သွားယူလေ၏...

အင်း... တဲ့ သက်ပြင်းချပြီး အင်း သွားတာမို့ ရတီ ကြောင်အမ်းအမ်းနဲ့သာ ကျန်နေခဲ့ရသည်...

ပိုက်ဆံရှင်းတဲ့အချိန်မှာလဲ နီတာ အရင်လို အချိန်မဆွဲချင်တော့ပါ... ဖြစ်နိုင်ရင် ထွက်တောင်ပြေးချင်နေပြီဖြစ်သည်... Crushရှေ့မှာ imageကို မထိန်းသိမ်းနိုင်တာလောက် ဆိုးရွားတဲ့အရာရှိမည်မဟုတ်...

Crushရဲ့အချစ်ကို မရသေးတာမို့ သေချင်တယ်လို့မအော်နိုင်ပါ... ဒါကြောင့် အား! Crushရဲ့ ရည်းစားဖြစ်ချင်တယ်နော် ဖြစ်ချင်တယ်...

ဆိုင်ထဲက ထွက်သွားတဲ့ ကောင်မလေးရဲ့ ကျောပြင်ကို တစ်ချက်ကလေးမျှငေးကြည့်ဖြစ်ပြီး ပိတ်ချထားဖြစ်တဲ့ စာအုပ်ကိုပြန်ဖွင့်ကာ ဖတ်လက်စ စာမျက်နှာကိုလှန်နေရင်း နှုတ်ခမ်းဖျားလေး ကော့ညွတ်ကာလာခဲ့သည်...

"ချစ်ဖို့ကောင်းတယ်..."

သွားလေးတွေအစီအတန်းပေါ်လာကာ မျက်လုံးလေးတွေမှိတ်ကျသွားသည့် ရယ်ပြပုံလေးကို ပြန်မြင်ယောင်ရင်း သဘောတကျ ရေရွတ်မိသည်...

ထိုနောက် ဝတ္ထုစာအုပ်၏ စာမျက်နှာပေါ်က စာသားလေးကို ဖတ်လိုက်သော်...

ဒေါသကြောင့် လူသတ်ငွေ့တွေထုတ်လွှတ်နေတဲ့ မျက်လုံးအိမ်လေးကို စွဲညို့သေချာအောင် စိုက်ကြည့်လျက် တစ်ချက်ရယ်လိုက်သည်...

"မင်းက ဒေါသထွက်ရင် ပိုတောင်ချစ်ဖို့ကောင်းသေး..."

"မျက်လုံးမှိတ်ကျတဲ့အထိ ရယ်ပြတဲ့ ကောင်မလေးလဲ ချစ်ဖို့ကောင်းတယ်..."

ဖတ်မိတဲ့စာသားလေးကြောင့် ရတီ့နှုတ်မှ အလိုလိုထွက်ကျလာသည့် စကားတစ်ခွန်းပေ...

(A/N: ဝင့်ရတီ ဖတ်နေတာ Author reta-nan ရဲ့ Hello... My Ex-Boyfriend ဆိုတဲ့ စာအုပ်လေးပါ...)

နီတာ အိမ်ရှေ့ရောက်တဲ့အထိ ပြေးလာခဲ့ကာ ခြံတံခါးဖွင့်ပြီး လေးလှမ်းလောက်လှမ်းရုံဖြင့် အိမ်တံခါးဝနားရောက်လာ၏... အောက်ထပ်ဧည့်ခန်းထဲမှာ TVကြည့်‌နေတဲ့ ရဲတာကို လှမ်းမြင်လိုက်ရတော့ အသက်ပုံမှန်ပြန်ရှူလိုက်ပြီးမှ တစ်လှမ်းခြင်း ခြေဖွသိုင်းနင်းကာဖြင့် ရဲတာနောက်မှ ဖြတ်လျှောက်ရန်ကြံလိုက်ပေမယ့် အချိုရည်ဘူးကို ပိုက်ဖြင့်စုပ်သောက်နေလျက် ခြေဖွသိုင်းနင်းနေသည့် နီတာ့အား လှည့်ကြည်လာခဲ့သည်...

တိတ်တိတ်ကလေး နဲ့ တိုးတိုးလေး/တိတ်တိတ်ကလေးနဲ့တိုးတိုးလေး(Complete)Where stories live. Discover now