ကျယ်လောင်တဲ့ တံခါးပိတ်သံနဲ့အတူ အခန်းထဲကထွက်လာသော ဆယ်ကျော်သက်မိန်းမငယ်လေးတစ်ယောက်... ဆံသားတွေရှုပ်ပွကာ ကျိုးတို့ကျဲတဲထောင်ထွက်လျက် ငှက်သိုက်သဖွယ်ဖြစ်နေသည့်ဆံပင်ကုတ်ဝဲလေးရဲ့ ဆံမိတ်တွေဟာလဲ နဖူးထက်မှာလန်ပြန်လို့နေသည်... ဒူးဖုံးသည့်ဘောင်းဘီဟာ ပေါင်ရင်းနားထိလန်တက်လျက်ရှိနေပြီး လည်ပင်းကျယ်သည့် အင်္ကျီလက်နှစ်ဖက်က ပခုံးထက်တွင် မညီမညာဖြစ်ကာ ဘယ်ဘက်သို့ လျောကျလို့နေသည်... ထိုကြောင့် ထိုကောင်မလေးရဲ့ ညအိပ်ဝတ်စုံက ဖရိုဖရဲဖြစ်နေ၏...

အိပ်ရေးမဝသေးသည့်မျက်နှာလေးက လန်းဆန်းမှုရှိမနေဘဲ ဂျစ်ကန်ကန်မျက်နှာပေးလေးနဲ့ နှုတ်ခမ်းကိုမသိမသာထော်လျက် ခြေဖနောင့်ကိုအားယူပြီး ဆောင့်နင်းကာ လှေကားထက်မှဆင်းလာသည့် ထိုကောင်မလေးကို ဗြောတီးရန် လှေကားရင်းမှာ လက်ပိုက်ကာရပ်စောင့်နေသူကအသင့်...

"ဖြောင်း..."

လက်မောင်းပေါ် ကျရောက်လာသည့် လက်ဝါးရိုက်ချက်...

"အာ့... အမေ!!!..."

"ဂေါက်..."

နဖူးထိပ်ပေါ်ကျရောက်လာသည့် တီးချက်တစ်ခု...

"အား!!!... နာတယ်လို့ဆိုနေ..."

"နင့်အသံကိုတိုးစမ်း နီတာ..."

ငေါက်ထည့်လိုက်မှ နဖူးကိုပွတ်ရင်း မီးဖိုခန်းထဲ ဆောင့်အောင့်ကာဖြင့် ဝင်ချသွားသည်...

"ငါမွေးထားတာ ဘုရားဆူး မိန်းကလေးပါလားနော်..." လို့ သမီးဖြစ်သူကို ကြည့်ကာ ရေရွတ်လိုက်၏...

နီတာ ရေချိုးခန်းတံခါးလက်ကိုင်ကို ဆွဲဖွင့်လိုက်သော်လည်း ပွင့်မလာခဲ့... အထဲတွင် လော့ချထားသည်မို့...

"ဒုန်း..."

တံခါးကို ခြေနဲ့ကန်ကာ...

"ဟဲ့ ရဲတာ မပြီးသေးဘူးလား... မြန်မြန်လုပ်..."

အပြင်က မကြည်မလင်အသံကြောင့် ရေချိုးခန်းထဲက ကောင်လေးလဲ ဖြူဖွေးကာညီညာသည့်သွားများထက် နှေးကွေစွာပွတ်တိုက်နေသော သွားတိုက်တံအဖြူလေးအား အရှိန်မြင့်ရတော့လေပြီ...

တိတ်တိတ်ကလေး နဲ့ တိုးတိုးလေး/တိတ်တိတ်ကလေးနဲ့တိုးတိုးလေး(Complete)Where stories live. Discover now