"...."

သူမ အခုတော့ သဘောပေါက်သွားလေပြီ။ ခန္ဓာကိုယ်ဟောင်း သူမသည် လင်းချင်ပေ့အား သူမရဲ့ ချစ်သူဖြစ်လာဖို့ အမှန်တကယ် ဖိအားပေးခဲ့တယ်ဆိုတာ။

"မဟုတ်ပါဘူး။ ရှင် ဒီကုမ္ပဏီမှာပဲ ဆက်ရှိနေဖို့ ကျွန်မက စိတ်ရင်းနဲ့ မျှော်လင့်နေတာပါ...."

ဒါ့အပြင် လင်းချင်ပေ့က နာမည်ကြီး အဆိုတော်တစ်ယောက် ဖြစ်လာမယ်ဆိုတာ သူမ သိသည်‌လေ။  လင်းချင်ပေ့ရဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေသည် မျှော်မှန်း၍တောင် မရနိုင်သည့် အကျိုးအမြတ်များစွာကို ရ‌ေအာင် လုပ်နိုင်ခဲ့သည်ဟု Novelထဲတွင် စာရေးဆရာက ဖော်ပြထားခဲ့လေ၏။ ဒါကြောင့်ပဲ နင်မုန့်အနေနှင့် ဘယ်လိုဖြစ်ဖြစ် စာချုပ်ကို အပြတ်မခံနိုင်တာ ဖြစ်လေသည်။

"နင်မုန့် မင်းကအခု ပြောင်းလဲသွားပြီလို့ ကိုယ်တိုင်ပြောခဲ့တာတောင် ၂ရက်ပဲ ရှိသေးတာကို ငါ့လာပြီး နှောင့်ယှက်နေတာပဲ။ မင်းရဲ့အကျင့်က ဘယ်တော့မှ ပြောင်းလဲမှာ မဟုတ်ဘူးပဲ!" လင်းချင်ပေ့သည် အေးစက်သော အပြုံးကို တပ်ဆင်ထားရင်း သူမကို စိုက်ကြည့်ကာ ပြောလေ၏။

"!!!"

ချက်ချင်းပင် သူမဆီမှ လျှောက်သွားသည့် လင်းချင်ပေ့ဆီသို့ အပြေးလိုက်သွားကာ ရပ်ရန်ကြိုးပမ်းလိုက်သည်။

"လင်းချင်ပေ့! ကျွန်မ ရှင့်အပေါ် အရင်က မှားခဲ့တယ်ဆိုတာ အမှန်ပဲ! ဒါပေမယ့် ရှင်က တန်ဖိုးရှိတယ်ဆိုတာတော့ သိထားရမယ်!"

"..."

ဆွံ့အစွာပင် သူမကို ဘာပြန်ပြောရမှန်း လင်းချင်ပေ့ မသိတော့ပေ။

ခနကြာသည့်အခါ သူမနားမှ ထပ်မံ၍ အဝေးသို့ လျှောက်သွားကာ ပြောလိုက်သည် "ငါ့မှာ မင်းနဲ့ ပြောစရာစကား ဘာမှ မရှိဘူး"

သတိမထားမိပဲ သူ့လက်ကို လှမ်းဆွဲရန် ကြိုးစားလိုက်စဉ်မှာပဲ ဟော်ပေ့ချန် ချမှတ်ထားသော စည်းမျဉ်းတို့ကို မှတ်မိသွားလေ၏။ ထို့ကြောင့်ပင် ပြဿနာတက်သွားစေနိုင်သည့် အခြေအနေ မရောက်ခင် သူမလက်ကို ပြန်ရုတ်လိုက်‌သည်။ ထိုသို့ နားလည်လိုက်သည့် အချိန်မှာတော့ ဟော်ပေ့ချန်က ခပ်လှမ်းလှမ်းသို့ ရောက်နေပြီ ဖြစ်လေ၏။ ထိုကြောင့်ပဲ နင်မုန့်က သူ့နောက်သို့ စိုးရိမ်တကြီး လိုက်လေသည်။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now