ဒုတိယမြောက်နေ့ ညနေခင်းတွင်ဖြစ်သည်။

နင်မုန့်အိမ်ခန်း ဧရိယာ တခုလုံး ရှုပ်ပွနေပြီး ပရိဘောဂများနှင့် ကြမ်းခင်းတခုလုံးသည်လည်း စိုစွတ်နေသည်။

"ပြန်လည်ပြုပြင် မွမ်းမံနေတုန်းက ရေချိုးခန်းထဲက ရေတွေ အိမ်ရဲ့ အခြားအစိတ်အပိုင်း‌တွေဆီ မစိမ့်‌အောင် ကျွန်တော်တို့ သေသေချာချာလေး လုပ်ခဲ့တာပါ။ ဘယ်လိုဖြစ်ပြီးများ အိမ်ခန်းထဲထိ စိမ့်သွားတာပါလိမ့်။ ဒါတော်တော် ဆိုးတယ်။ ဒီနေရာကို ပြန်ပြီး ပြုပြင်ရဖို့က တော်တော်သေချာနေပြီ" ၀န်ထမ်းကပြောလိုက်လေသည်။

"ဒီအကြောင်းတွေ ကျွန်မကို လာပြောမနေနဲ့။ ရှင့်သူဌေးကိုပဲ ပြောရမှာ" နင်မုန့်  ပြန်ပြောလိုက်၏။

"..."

"ကျွန်တော် ပိုင်ရှင်ကို ခေါ်ထားပြီးပါပြီ။ အခုပဲထွက်လာမယ်လို့ ပြောလိုက်ပါတယ်"

နင်မုန့် ဂုဏ်ယူစွာဖြင့် ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်သည်။ သူမ အစီစဉ်က အောင်မြင်မှုကြီး ရသွားတာပဲ။ ရေစိမ့်တယ်ဆိုတာ ပြဿနာအကြီးကြီးပဲ။ တယောက်လောက်က ပြန်ပြင်ချင်တယ်ဆိုတာနှင့် ပြန်ပြင်‌ပေးဖို့ရာ ပိုင်ရှင်သည် စာရွက်စာတမ်းနှင့်ကို လက်မှတ်ထိုးထားခဲ့သည်။

နင်မုန့်ပုံစံက ၀မ်းနည်းမနေသည့်အပြင် ပျော်ရွှင်သည့် ပုံစံ ပေါက်နေတာကြောင့် ၀န်ထမ်းသည် မနေနိုင်စွာ မေးလိုက်၏ "မိန်းကလေး ခင်ဗျားနဲ့ ပိုင်ရှင်ရဲ့ ဆက်ဆံရေးကို သိလို့ရမလား?"

နင်မုန့် အဖြေပေးမယ်လုပ်ချိန်တွင် အရပ်ရှည်ရှည် လူ‌တစ်ယောက်သည် တံခါးအပြင်ဘက်တွင် ရပ်နေသည်ကို မြင်လိုက်လေ၏။

"ပိုင်ရှင်က ကျွန်မယောက်ျားလေ! တခြားလူတွေကို ကူညီပေးရတာ ကြိုက်တဲ့ လူမျိုး! ပြီးတော့ သူက အရမ်းလည်း ကြည့်ကောင်းတယ်! အမှန်တိုင်းပြောရရင်လေ သူက ကျွန်မရဲ့ idolလိုမျိုးပဲ! သူကလေ သက်ရှိအားလုံးထဲမှာမှ ဘုရားသခင်လိုလူမျိုးပဲ!"

"...."

အိမ်ထဲဝင်တော့မည့် ဟော်ပေ့ချန်မှာ တခနတာ စကားတို့ပျောက်ရှသွား၏။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Where stories live. Discover now