အခန်း ၁၄၀ + ၁၄၁ + ၁၄၂

Start from the beginning
                                    

အကြိမ်ကြိမ် ခိုးကြည့်ပြီးနောက် လုက သူ့ရှေ့က စားစရာတွေကိုသာ အာရုံစိုက်နေကြောင်း သူမ သဘောပေါက်လိုက်သည်။

ထို့ကြောင့် သူမသည် ပို၍ ရဲရင့်လာခဲ့ပြီး လုကိုပိုကြာကြာစူးစိုက် ကြည့်လာသည်။

လုကျင်းညန်သည် နေ့လည်စာစားပွဲတုန်းက သူဝတ်ထားသော တူညီသော အ၀တ်ကို ၀တ်ထားသေးသည်။

လုသည် သူ၏ဂျာကင်အင်္ကျီမှ သူ၏လည်စည်းကိုဖြုတ်ပြီးအပေါ်မှ ကြယ်သီးနှစ်လုံးကို ဖြုတ်ကာသူ၏ ညှက်ရိုးများကို ဖော်ပြထားသည်။

လုသည် သူ၏လက်မောင်းများကိုဖြန့်၍ သူ၏သန်မာသောလက်မောင်းမှ သေးငယ်သည့်အစိတ်အပိုင်းကို ထုတ်ပြကာ သူ၏ကြော့ရှင်းမှုကို ပေါ့ပေါ့ပါးပါးဖြစ်စေသည့် အရိပ်အယောင်ကိုပြသည်။

လုကျင်းညန်သည် သူ၏အစားအစာများကိုအာရုံစိုက်ပြီး သူ၏ရှည်လျားသော မျက်တောင်များသည်ခဏခဏတုန်ခါနေသည်။

လု ကိုပထမဆုံးမြင်ဖူးထဲ ကသူ့အကြည့်တွေကြောင့် စွဲမက်သွားခဲ့ရသည်။

ဆယ့်သုံးနှစ်ကြာပြီးတဲ့နောက် ချောင် သူ့ကိုဘယ်နှစ်ခါမှန်းမသိ အိပ်မက်မက်ခဲ့ပေမဲ့ သူမကသူ့ကိုစွဲမက်ပြီး ကြောက်ရွံ့နေဆဲဖြစ်သည်။

ချောင်အတွက် လုကအချိန်ရဲ့စမ်းသပ်မှု ကိုခံနိုင်ရည်ရှိတဲ့ ဒီကမ္ဘာပေါ်မှ တစ်ယောက်တည်းဖြစ်ခဲ့သည်။

ချောင်အန်းဟောင် သည်ကြက်သေသေစွာ ငေးကြည့်နေသည်။

အချိန်အနည်းငယ်ကြာပြီးနောက် လုက သတိထားမိပုံရပြီး ရုတ်တရက်ကြည့်လိုက်တဲ့အခါ။

ချောင်အန်းဟောင် သည်အံ့သြစွာဖြင့် နောက်ပြန်လှည့်ကြည့်လိုက်သောအခါ သူမ၏နှလုံးသည် တစ်ဖန်လျင်မြန်စွာ ခုန်လာသည်။

မသိမသာ ချောင် စိတ်ကိုတည်ငြိမ်စေရန် လု ထံမှ အာရုံလွဲရန် ဆင်ခြေတစ်ခုကိုရှာဖွေခဲ့သည်။

ဒါပေမယ့် ပြတင်းပေါက်ဘက်ကို သူမလှည့်ကြည့်တဲ့အခါ

သူမရဲ့အတွေးတွေက ရပ်တန့်သွားပြီး မသိစိတ်က အော်ဟစ်လိုက်သည်။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now