အခန်း ၁၀၈ + ၁၀၉

Start from the beginning
                                    

ကားထဲက ပြတင်းပေါက်မှန်မှာ မိုးရေစက်လေးတွေကကျနေခဲ့ပြီး ရေဒီယိုက ကြော်ငြာလာနေခဲ့သည်။

ချောင် က လု ကို ကြည့်တောင်မကြည့်ရဲခဲ့ပေ။

ဒါကြောင့်မလို့ သူမဟာ ဘေးနားက မှန်က လု ရဲ့ပုံရိပ်ကို ခေါင်းငုံ့ရင်းကြည့်နေခဲ့သည်။

သူမက သူစိတ်ကောင်းဝင်နေတဲ့အချိန်မဟုတ်ဘူး ဆိုတာကို ပြောနိုင်ခဲ့လိမ့်မည်။

သူမက နဂိုထဲကမှ တုန်နေတဲ့ အကြောတွေက ပိုတောင်မှ တုန်နေခဲ့သည်။

သူမရဲ့ အိတ်ကို ဆွဲဆုတ်ခဲ့ရင်း

အသက်ရှူတာတောင်မှ ဂရုစိုက်နေခဲ့ရသည်။

သူမ စိတ်ကျဥ်းကြပ် လာခဲ့တာကြောင့်

သူမစကားပြောဖို့လမ်းစရှာခဲ့သည်။

အဆုံးမှာတော့ သူမဟာသက်ပြင်းချပြီးတော့မေးခဲ့သည်။

"အာ..ဟိုဆောင်ရှန်စီရဲ့ မွေးနေ့ညစာစားပွဲကို မသွား..မသွားခဲ့ဘူးလား။ ဘာလို့ ပြန်လာတာလဲ။"

လုက ချောင့်ကို သူ့ကိုစကားစပြောမယ်လို့မမျှော်လင့်ထားခဲ့ပေ။

ဒီအခိုက်အတန့်မှာတော့ သူ ငြိမ်နေခဲ့သည်။

သူက မျက်တောင်လေးပုတ်ခတ်ပုတ်ခတ် လှုပ်နေခဲ့သည်။

နွေးထွေးတဲ့အငွေ့သက်လေးတစ်ခုနဲ့အတူ သူဟာ ရှေ့ကိုကြည့်နေခဲ့သည်။

ကြည်လင်ပြတ်သားပြီးတော့ နူးညံတဲ့အသံနဲ့ သူပြန်ဖြေခဲ့​၏ ။

"ငါ စောစောပြန်လာတာ "

ခနကြာပြီးတော့ လုဟာ ချောင့်မှာ မေးခွန်းတစ်ခုရှိခဲ့တာကို မှတ်မိခဲ့သည်။

သူတို့ငယ်ငယ်လေးကထဲက သူကအမြဲတမ်း တခြားဘယ်သူနဲ့မှ မပေါင်းပဲတစ်ယောက်ထဲနေခဲ့သည်။

ဒါကြောင့်မလို့ သူဟာ စကားနည်းခဲ့ခြင်းပင်။

ချောင်က သူ့ကိုမေးခွန်းတစ်ခု မေးတဲ့အတိုင်းမှာတော့ သူက အရင်ကရော ခုရော ဖြေခဲ့သည်။

သူ အတတ်နိုင်ဆုံး ပြည့်ပြည့်စုံစုံဖြေလိုက်တာက သူရဲ့အကျင့်ပါပဲ။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now