အခန်း ၁၀၄+၁၀၅

Start from the beginning
                                    

သူမ လာရင် သူတို့တွေ ဆုံလိုက်သလိုမျိုး ဖြစ်သွားမည်။

အဲဒီအချိန်မှာ သူက ​ပေါင်မုန့်ကိုပဲ စူးစိုက်ကြည့်ခဲ့​ပေမယ့် သူရဲ့မျက်လုံးထောင့်တွေကတော့ သူမကိုသာ အာရုံစိုက်နေခဲ့သည်။

ဘယ်သူကသိခဲ့မှာတုန်း?

သူမက ပူတင်းပါမုန့်နည်းနည်းလေးလို့ပြောခဲ့တဲ့အချိန်မှာ ကျန်းမာရေးစားသောက်ကုန်တန်းကိုပြေးခဲ့တယ်ဆိုတာ ။

သူမက သန့်စင်တဲ့ တာဝါ တစ်ခုကိုယူပြီး ထွက်မလို့လုပ်နေတဲ့ မတိုင်ခင်မှာပဲ အချိန်အကြာကြီး ပန်းပွင့်တွေပါတဲ့ ပါကင်ထုတ်တွေကို စူးစိုက်ကြည့်ခဲ့သည်။

ကျန်းမာရေး tower ကို ပူတင်းပါမုန့် နည်းနည်းလို့ ဆိုလိုခဲ့တာပဲ။

အခုချိန်ထိတိုင် သူဟာ သူမနဲ့ နီးစပ်ဖို့ အခွင့်ရေး မရရှိသေးပါဘူး။

သူအိမ်သာထဲက တစ်ခါထွက်ခဲ့တဲ့ တစ်နေ့တော့ ဆုံမိကြသည်။

သူမရဲ့ ဗိုက်လေးကိုဖိပြီး ဖျော့တော့တဲ့မျက်နှာနဲ့ နံရံပေါ်မှာ မှီနေတာကိုမြင်ခဲ့​၏ ။

သူမ ဟာ လုံးဝဗိုက်နာနေတဲ့ပုံပဲ။

ဒါကြောင့်မို့ သူဟာ သူမကို ကျောင်းဆေးကုခန်းကို ပို့ခဲ့တော့သည်။

အဲဒီ တစ်နေ့လုံးက သူ့ဘဝမှာ ပြီးပြည့်စုံတဲ့နေ့လေးတစ်ခုဖြစ်ခဲ့ပါတယ်။

အဲဒီနေ့လေးက အရမ်းနေသာတဲ့ နေ့လေးတစ်နေ့ပေါ့။

သူမက သူနဲ့ ခပ်နီးနီး ကုတင်ပေါ်မှာ လှဲခဲ့ပြီး သူကတော့ စာဖတ်နေခဲ့သည်။

သူ တွေးနေသမျှအရာအားလုံးဟာ သူမအကြောင်းသာ။

နောက်ပိုင်းမှာတော့ လုရဲ့မိန်းကလေးအတန်းဖော်တစ်ယောက်က လာခဲ့တော့ ချောင်အန်းဟောင်က လုကို စကားနည်းနည်းပြောလာခဲ့​၏ ။

အဲဒီကောင်မလေး ထွက်သွားတဲ့အခါလေးတင် လုရဲ့ ရည်းစားလားလို့ သူ့ကို တကယ်ကြီးကိုမေးခဲ့သည်။

သူမက သူ့ကိုနားလည်မှု လွဲသွားခဲ့သလား?

သူ ခပ်မြန်မြန်ပဲ ဖြေရှင်းဖို့ လုပ်ခဲ့တာပေါ့။

ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကြီးကိုအိမ်ပြန်ခေါ်ပါမယ် |ဘာသာပြန်| H.I.A.T.U.SWhere stories live. Discover now