သို့သော်လည်း ဒီလို လုံးလုံးကြီး စွန့်လွှတ်လိုက်ရသည့် အကြောင်းအရင်းကလည်း သူ့အတွက် အကျိုးရှိစေလို့ပင်။ အခုဆိုလျှင် သူ့ရဲ့နေ့ရက်တွေက အလွန်အားလပ်ကာ စိတ်အေးချမ်းသာ ရှိသည်။ သူ လုပ်ချင်တာ လုပ်လို့ရသည်။ YunShui တောင်ထွတ်မှာဆို ဒီလို နေရမှာ မဟုတ်။ ဟိုမှာ ဆိုလျှင် အင်အားကြီးသော အကြီးအကဲ ဆယ်ယောက်က စောင့်ကြပ်နေသည်။ သူတို့၏ စောင့်ကြည့်သော မျက်လုံးများအောက်မှာ သူလုပ်သမျှ အရာတိုင်းကလည်း စောင့်ကြည့်ခံနေရမှာပင်။ သူက မှော်ဆေးလုံး ဖော်စပ်ရဲပါဦးမလား။ သူက နယ်မြေထဲကို ဝင်ရဲပါဦးမလား။

အခြားသူများအတွက်တော့ ဒါက ရာနှုန်းပြည့် အကျိုးကျေးဇူးဖြစ်ကာ တစ်စက်လေးတောင် ဆိုးကျိုးမရှိပဲ တောက်ပသော အနာဂတ်ကို ဦးတည်နေသည်။ သို့သော် သူ့အတွက်ကတော့ YunShuiတောင်ထွတ်ကို သွားခြင်းက သူ့လျှို့ဝှက်ချက်တွေ ပေါ်ပေါက်ဖို့ ဖြစ်နိုင်ချေ မြင့်သွားသည့် အဓိပ္ပါယ်ပင်။

အဲဒါတွေကို နှိုင်းယှဉ်ကြည့်တော့ သူက ဒီအခွင့်အရေးကို လက်လွှတ်ချင်သည် ဒီတော့ သူက ဦးလေးYe ၏ လက်ထောက် ဖြစ်ဖို့ နှင့် အဲဒိကို သွားဖို့ လက်မခံနိုင်ပေ။ ဒါက သူငြင်းဆိုရခြင်း၏ အကြောင်းတရား အမှန် ဖြစ်သည်။ ကျန်တဲ့ဟာတွေကတော့ ရေစီးလေးနဲ့ အသာမျောပါလိုက်တာပင်။

အဲလို တွေးပြီးတော့ You XiaoMo က Kong Wen ၏ မျက်နှာလိုက်ခြင်းတွေကို မက်မောမနေတော့။ အခုတော့ သူ့မှာ ဒုတိယအဆင့် မှော်ဆေးလုံးများ ဖော်နိုင်ပြီလား ဆိုတာ စမ်းဖို့တောင် မစောင့်နိုင်။ ဖော်နိုင်ပြီ ဆိုလျှင် နောက်တစ်ခါ သူတောင်အောက်သွားလျှင် အဆင့်နှစ်ဆေးလုံးတွေ ရောင်းချါက ပိုက်ဆံပိုရလိမ့်မည်။

ဒီလိုနှင့် နောက်ဆုံးအကြိမ်နှင့် နှစ်ရက်တောင် မရှိသေး You XiaoMo က တံခါးပိတ်ကျင့်ကြံခြင်း ထပ်မံ လုပ်လိုက်ပြန်သည်။

You XiaoMo တံခါးပိတ်ကျင့်စဉ် ဝင်သွားပြီး သိပ်မကြာလိုက် Fan ChenLe က သူ့ကို လာရှာသည်။ သူက ဟိုကိစ္စကို ကြားပြီး ဖြစ်တော့ သူ့ကို ကျေးဇူးတင်ချင်တာပင်။ မမျှော်လင့်စွာနဲ You XiaoMo အခန်းဘေးက ဂိုဏ်းသားလေးဆီကနေ You XiaoMo တံခါးပိတ်ကျင့်နေပြန်ပြီ ဆိုတာ သိလိုက်ရသည်။ ဒီတစ်ကြိမ်မှာတော့ သူကဆယ်ရက် ကနေ လဝက်လောက် ကြာသည်အထိ ထွက်မလာတော့။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now