You XiaoMo က သူ့ကို ကြည့်လိုက်တာကို မြင်သောကြောင့် သတိဝီရိယ လွန်ကြူးလှသော ဦးညွတ်ခြင်းနှင့် နှုတ်ဆက်တော့သည် "ဦးလေးYe ကို ဆုမွန်ကောင်းတောင်းပေးပါတယ် ခင်ဗျာ"

ခပ်ပါးပါး အပြုံးတစ်ခုက Ye Han၏ အမူအယာကင်းမဲ့လှသော မျက်နှာပေါ်တွင် ရုတ်တရတ် ပေါ်လာသည်။ Ling Xiao ဘက်ကို မလှည့်ခင် You XiaoMo ကို ခေါင်းလေး ဆတ်ခနဲ ညိမ့်ပြလိုက်သေးသည်။ "ပထမ နေရာ ထပ်ရလို့ ဂုဏ်ယူပါတယ်။ ဒီနှစ်ဆုကတော့ အဆင့်ခြောက်ဆေးပင် သုံးပင်ပဲ။ အဲဒါတွေက အပြင်ဘက်မှာ။ လာ ကိုယ့်ဘာသာ ကိုယ်ရွေးလိုက်။ ဘယ်ဟာကို ရွေးထားသလဲ ဆိုတာပဲ ဦးလေးကို ပြောပြ"

"ကျေးဇူးအများကြီး တင်ပါတယ် ဦးလေးYe"

Ling Xiao က အရိုအသေပေးကာ မထင်မရှားအပြုံးလေး ပြုံးရင်း ပြောလိုက်သည်။

Ye Han၏ အကြည့်က လွန်သော နေရာ ရောက်တော့ You XiaoMo မှာ စိတ်သက်ရာ ရကာ သက်ပြင်းတွေတောင် ချရသည်။ Ye Han က မှော်ဆရာ တစ်ယောက် ဖြစ်ပေမယ့်လည်း သူ့အရှိန်အဝါက အလွန်ထွန်းလင်းလှကာ အဆင့်မြင့် မှော်ဆရာ တစ်ယောက် ပီသလှသည်။

ဒီလို ကိစ္စလေးကိုတောင် အကြီးကြီး တုန်လှုပ်နေသော သူ့အမူအယာကို Ling Xiao ကြည့်ပြီးတော့ ရယ်ကာ "မင်းက ဘာတွေ ကြောက်နေတာလဲ။ နောက်ဆို မင်းလဲ မှော်ဆရာကြီးတစ်ယောက် ဖြစ်လာမှာပေါ့"

You XiaoMo က သူ့စကားများကို ချွေးသိပ်သော စကားများ အဖြစ်သာ ယူသည် ဘာ့ကြောင့်လဲ ဆိုတော့ သူက သူ့ကိုယ်သူ ကောင်းကောင်းသိတယ်လေ။ သူ့ပါရမီက တော်တော်လေး ညံ့ဖျင်းသည်။ ဒီတော့ သူ့ဘဝသက်တမ်းမှာ အလယ်အလတ်အဆင့် မှော်ဆရာတစ်ယောက်သာ အလွန်ဆုံးဖြစ်နိုင်သည်။ အဆင့်မြင့် မှော်ဆရာတစ်ယောက် ဆိုတာက သူဖြစ်ချင်လျှင်တောင် ဖြစ်ခွင့်မရသော အရာသာ ဖြစ်သည်။

အဆင့်ခြောက် မှော်ဆေးပင်တွေက ခြံဝန်း၏ အလယ်တွင် ရှိကာ မှော်ဆေးပင် စိုက်ခင်း၏ အလယ်ခေါင်တွင် ရှိနေသည်။

You XiaoMo က ဦးလေးYe ဘာ့ကြောင့် ဒီလို စီစိုက်ထားသလဲ မသိပေ။ သို့သော် တွေးကြည့်တော့လည်း မှော်ဆေးပင်များ၏ အကျိုးကျေးဇူးများကြောင့်သာ ဖြစ်နိုင်သည်။ သူ ပြန်ရောက်ရင်တော့ သူ့နယ်မြေထဲတွင် မှော်ဆေးပင်များ စိုက်သောအခါ ဒီနည်းလမ်းနှင့် စိုက်သင့်သလား ဆိုတာ စဉ်းစားကြည့်သင့်လား။

အကျော်ဇေယျ အရှင်သခင်၏ ဇနီး (Myanmar Translation)Where stories live. Discover now