နင်ဝမ့်ထောင် သူမနားသို့ လျှောက်လာသောအခါ သူ့သမီးဘေးတွင် ဟော်ပေ့ချန်က မတ်တပ်ရပ်နေတာကို တွေ့လိုက်ရ၏။ ချက်ချင်းပင် နင်ဝမ့်ထောင်၏  နောက်ပြောင်တတ်သော အကြည့်တို့က တည်တံ့သွားလေတော့သည်။

"ငါ့သားမက်လေးက ဒီကို ဘာလို့ ရောက်နေတာလဲ?"

ဟော်ပေ့ချန်သည် နင်မုန့်အား ကြည့်ရင်း ပြောလိုက်သည်။ "အစား လာစားတာ"

နင်ဝမ့်ထောင်ရဲ့ မေးခွန်းကို ဖြေပေးနေသည်မို့ နင်မုန့် ထင်ထားသလောက် ဒေါသထွက်မနေဘူးပဲ။ သူမ လုပ်ခဲ့တဲ့အရာကို မေ့သွားအောင် အဖေဖြစ်သူက တခြားကိစ္စတွေပဲ ဟော်ပေ့ချန်ကို များများပြောပေးဖို့ နင်မုန့် ဆုတောင်းနေလိုက်သည်။

သူမကို အံ့သြသွားစေတာက....

"ငါသိပြီ....မုန့်မုန့် ဘာလို့ အရမ်းပျော်တဲ့ပုံစံ ပေါက်မနေရတာလဲ။ ဒီနေ့ အမျိုးသားအကသည်ကို ဘယ်လိုထင်လဲ? မနက်ဖြန်ကြည့်ဖို့ နောက်ထပ် တစ်ယောက်လောက် အဖေ စီစဉ်ပေးထားရဦးမလား? ဒီတကြိမ်မှာတော့ ဖြတ်လျှောက်အနုပညာရှင် လောက်ပဲ!"

နင်မုန့်ကတော့ အံ့အားသင့်နေရုံမှ တပါး...။ သူမဖခင်က အခုကိစ္စကို ထပ်ပြောနေတာမို့ နားမလည်နိုင်တော့ပေ။ စာအုပ်ထဲမှာနင်ဝမ့်ထောင်က သူ့သမီးကို ဘယ်လောက်ချစ်ကြောင်းသာ ဖော်မပြထားပါက ထိုလူက သူ့အဖေရင်းဆိုတာ သံသယဝင်မိမှာ ဖြစ်တယ်။ သူမပုံစံက  လူသေတစ်ယောက်လို ဖြစ်နေလေသည်။ မိမိကိုယ်ကို လုံလောက်သော အားဖြင့် လှုံ့ဆော်လိုက်ပြီးနောက် ဟော်ပေ့ချန်အား နင်မုန့်သည် မျက်ရည်တို့ပြည့်နေသော မျက်ဝန်းဖြင့် ကြည့်လိုက်သည်။  နစ်နာသူတစ်ယောက်လို ဟန်ဆောင်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ပစ်မည်။ သို့ပေမယ့် သူမကို ထပ်မံအံ့သြစေတာက ဟော်ပေ့ချန်က တချက်လေးတောင် ကြည့်မလာပေ။ သူလုပ်ခဲ့တာက စကားတစ်ခွန်းမှ မပြောဘဲ နေရာမှ ထွက်သွားခြင်းသာ ဖြစ်လေ၏။

ချီရှန်ရဲ့ စူးရဲစွာစိုက်ကြည့်နေတဲ့ မျက်လုံးတွေနဲ့ ယှဉ်လျင်တောင် ဟော်ပေ့ချန်က တည်ငြိမ်နေသည်။ သူ့ပုံစံက နင်မုန့်ကို မြင်ရသည့် သတ္တဝါလို့ သတ်မှတ်ထားသည့် သဘောတောင် ရှိမနေ။

[Book-1]novelထဲဝင်သွားပြီးနောက် အသဲခွဲသမားဖြစ်လာခဲ့သောသူမ Waar verhalen tot leven komen. Ontdek het nu