အပိုင်း-(၁၀)ဇာတ်သိမ်း

7 1 0
                                    

"မေ....မေရီ??"

ဂမ္မာက သတိရတချက် မရတချက်ကဆိုသည်။
မေရီက ပြုံး၍ရပ်နေသည်။

ကျန်သူများလဲ နိုးလာကြပြီ။

"မေရီ! ကျေးဇူးပါဘဲဟာ နင်ဘယ်လိုရောက်လာတာလဲ မြန်မြန်ဖြေပေးဦး"

သီတာချိုက အားရဝမ်းသာဆိုလိုက်သည်။
မေရီက တစ်ဟားဟားရယ်လိုက်သည်။

အကုန်ကြောင်သွားသောလည်း ဇာနည်လင်းနှင့် မဟော်သူရ မပါချေ။

"သေစ္စာဖောက်က မင်းကို...."

မဟော်သူရ၏စကားအား ဇာနည်လင်းမှာ အပ အကုန်ကြောင်သွားသည်။

မဟော်သူရက သက်ပြင်းချ၍

"ဟုတ်တယ်.... ဒါကို ငါ စောခုံမှိုင်းကျသွားကတည်းက သိတာ။ အဲ့တုန်းက သပိတ်ကိုဖြိုဖို့ ဘယ်စစ်တပ်မှာမသိဘူး။ တစ်ယောက်ယောက်သတိပေးလိုက်လို့။

ဒါပေမဲ့ အဲ့တုန်းက လူက အများကြီးမလို့ ငါတို့စီကလို့မထင်ခဲ့တာ။

ဒါပေမဲ့ ပြန်စဉ်းစားကြည့်တော့ အရှေ့လတွေ ငါတို့စတုန်းက အဖမ်းခံခဲ့ရတာတွေ မီသွားတာတွက ဒလန်ရှိနေတာကို ဖော်ပြနေတာ။

ဒါကြောင့် သေချာအောင် စုံစမ်းတော့ ဇာနည်လင်းက မဖြစ်နိုင်တာသိခဲ့တယ်။ ဒါကြောင့် သူနဲ့ တိုင်ပင်သည် ဇာနည်လင်းဟာ တော်ဝင်မျိုးနွယ်လို့ပြောခဲ့တယ်။

တကယ်က ဇာနည်လင်းက သာမန်လူတန်းစားဘဲ။
အဲ့တာကို စစ်တပ်ဘက်က သတင်းရပြီး အဲ့ကိစ္စကို အစည်းဝေးတစ်ခုမှာပြောတာကို အဲ့ထဲက လူတစ်ဦးက ပြန်ပြောပြတယ်။

အဲ့မှာသေချာသွားတာက ရတီကိုကိုနဲ့ ဇာနည်လင်းတို့ဆီ စစ်တပ်ကရောက်လာတာကလဲ ဒလန်ကြောင့်ဘဲ။

ငါဘယ်သူလဲတွေးနေမိပေမဲ့ တကယ်က မင်းဖြစ်နေတာဘဲ။"

ဇာနည်လင်းက တွေဝေသွားသည်။ မျက်ရည်များကျလာသည်။

ကျန်သူများက မယုံနိုင်သည့်မျက်နှာထားနှင့် မျက်ရည်တို့စီးလာကျသည်။

မေရီက ပြုံး၍ ထပ်ရယ်လိုက်သည်။
"ဟားဟား မှန်တာပေါ့ မဟော်သူရရယ်။

တစ်ချိန်လုံးသတင်းပေးဖြစ်နေခဲ့တာ ငါပါဘဲ။ အခု PDNက အဖွဲ့ဝင်တိုင်းကို ရဲတွေဝင်ဖမ်းနေပြီ။ နင်တို့ပိုင်ဆိုင်မှုတွေကိုလဲ ငါတို့သိမ်းလိုက်ပြီ။

၁၉၈၈စီမှာ့အချစ်ဇာတ်လမ်း series 1 Où les histoires vivent. Découvrez maintenant