အခန်း-(၄)မတ် အပိုင်း-(၃)

12 3 0
                                    

ခါတော်မှီ ဘယ်သွားရမည်မသိတော့။ ဆေးခန်း၌လဲ သူ၏ ကိစ္စတို့က ပြီးပြီ။ လူနာများလဲ ပြန်ကောင်းပြီ၊ ထားမေ၏ရုပ်အလောင်းကိုသာ သူ့မိဘများထံ မသိမသာ ပို့ပေးရသည်။

ခါတော်မှီ ကြံတောသချိုင်းဆီသို့ လျှောက်လာမိသည်။

ရန်ကုန်၏ည၌ သူဤသို့နှယ် လမ်းမလျှောက်ဘူး။

ယခုတော့လဲ ‌တစ်ချက်တစ်ချက် လေပြေနှင့် လျှောက်လို့တော့ကောင်းသား။

သို့သော် မနက်က အဖြစ်ပျက်များက ခေါင်းထဲကမထွက်။ ခါတော်မှီ ထိုအဖြစ်အပျက်ကြောင့် မကြောက်သွားခဲ့ပါ။ ပို၍ ဒေါသထွက် ပို၍ မုန်းကာ ပို၍ တော်လှန်လိုလာခဲ့သည်။

"ဒီမှာဘဲ အလောင်းတွေ"

ကြံတောသင်္ချိုင်းထဲမှာ အသံကြားလိုက်သည်။ ခါတော်မှီတစ်ခုခုကိုခံစားမိ၍ ချောင်းကြည့်လိုက်သည်။

သူ၏ မျက်နှာနုနုဝယ် အံ့ဖွယ်တို့က ထင်လန့်သွားသည်။

ရန်ကုန်မြို့၊ ရဲစခန်း(xx)

"ရဲဘော်ဒီနေ့မင်းစောင့်လိုက်တော့"

"ဟုတ်ကဲ့ရဲဘော် မင်းပေးတဲ့ အရက်အတွက် ကျေးဇူးကွ"

ရဲဘော်ဆိုသူ လူငယ်က အချုပ်အား သေချာစောင့်ကြပ်နေသည်။

ခဏအကြာ၌ ရဲစခန်းဝယ် သူနှင့် အချုပ်သားများသာ ကျန်တော့သည်။

"ဟေ့"

လေသံတိုးတိုးထွက်ပေါ်လာသည်။

အချုပ်ထဲမှာ့ကျောင်းသားများက အချက်ပြ ခေါင်းငြိမ်လိုက်သည်။ ထိုအချက်ပြမှုက အဆင်သင့်ဖြစ်ပြီ။

အစောင့်က စခန်း၌ အသင့်ရှိ ကင်မရာ၌ အချုပ်သားများအား ဓာတ်ပုံရိုက်လိုက်သည်။

ထိုနောက်နာမည်ခေါ်၍ ထုတ်ပေးသည်။

"မင်းလွင်၊ သီတာချို"

သီတာချိုမှာ ဒဏ်ရာနှင့်မို့ မနည်းထရသည်။

မင်းလွင်က တွဲပေးသည်ကို လက်မခံ။

အခြား ဒဏ်ရာရ ကျောင်းသားလူငယ်များအား ရဲဘော်ကြီးက ညွန်ကြားနေသည်။

၁၉၈၈စီမှာ့အချစ်ဇာတ်လမ်း series 1 Where stories live. Discover now