အခန်း-(၇)ဇွန်လ အပိုင်း-(၂)

11 0 0
                                    

ဇွန်၃ရက်နေ့

စစ်ကြောရေးတစ်နေရာ။

"ဝင်ခံစရာရှိလား"

မည်သည်ကိုမျှသူတို့မမြင်ရ။

အခန်း၈ခန်းဝယ် လူ၈ယောက်အား အဝတ်မည်းများပတ်၍မေးနေခြင်းပင်။

"မရှိဘူး"

သူတို့၈ဦးစလုံး၏ အဖြေကထိုအရာပင်။

ထို၈ဦးကာ အခြားမဟုတ်၊ မဟော်သူရ၊ခါတော်မှီ၊မင်းလွင်၊ရတီကိုကို၊ဇာနည်လင်း၊ဂမ္မာ၊မေရီ၊ဦးအေးဝင်း။

ထိုနေ့မနက် ၆:၀၀။

"ချီးဘဲဟေ့!"

"ဟဘာတုန်းဟ"

အိပ်ပျော်နေသူ၇ဦးသည် မင်းလွင်၏ အော်သံကြောင့်လန့်နိုးသွားကြသည်။

"ဘာရမှာတုန်း မင်းမေကလွှား ဟိုမှာ လုံထိန်း စစ်သားတွေ!!!"

သေနတ်များအားကိုင်ထား၍ ပစ်မိန့်ပေးထားခြင်း၏ သ‌ေင်္ကတ အဝတ်နီများအားပတ်ထားသော လုံထိန်းများ။

ဘူတာရုံအတွင်းသို့ ရထားကြီး ဝင်တော့မည်။

ချက်ချင်းပင် မေရီက သူမ၏ အဝတ်ထုတ်များအား ရထားပေါ်မှာ ပစ်ချ၍

"ကျွန်မ‌ကတော့ဆင်းပြီး မဖမ်းမိရင် ထုံစံတိုင်း မြတောင်ပေါ့"

ပြောပြောဆိုဆိုနှင့် မေရီက ခုန်၍ဆင်းသွားတော့။

မေရီဆင်းသွားသည်အား အခြားအတွဲမှာ ခရီးသည်များက "ဟာ ကောင်မလေးတစ်ယောက် ရထားပေါ်က ခုန်ဆင်းသွားပြီ"ဟုဝိုင်းအော်ကြသည်။

အမှန်၌ မေရီမှာ ရထားတွဲ၏ လက်တန်းအားကိုင်၍ မြေ‌ပြင်ပေါ်သို့ အရှိန်နှင့် ခုန်လိုက်ခြင်းကြောင့် ပွန်းပဲ့ရုံမှာ့အပ ဘာမှာ့မဖြစ်။

ကျန်သူတို့မှာ ဘာလုပ်ရမှန်းမသိတော့။

မေရီက လက်ပြ၍ သူမ၏ ပြန့်ကြဲသွားသော အဝတ်များအား အထုတ်ထဲပြန်ထည့်၍ ရထားလမ်းအား ကာထားသော အုတ်တံတိုင်းအားကျော်ခွ၍တက်သွားတော့သည်။

အလွန်လျင်မြန်၏။

"ဘယ်လိုလုပ်ကြမလဲ မေရီလိုဘဲခုန်ဆင်းကြမလား"

၁၉၈၈စီမှာ့အချစ်ဇာတ်လမ်း series 1 Where stories live. Discover now