အခန်း-၆မေလ အပိုင်း-(၁)

13 1 0
                                    

မေလ ၁ရက်နေ့

ကျောင်းသားသမဂ္ဂ၏ အစည်းအဝေးအတွက် နေရာရှာကြရာဝယ် အဆုံး၌ မဟော်သူရ အိမ်ဝန်းထဲ၌သာ ကျင်းပဖြစ်ခဲ့ရသည်။

မဟော်သူရ၏ အိမ်၏ ဖွဲ့စည်းပုံမှာ အပေါ်ထပ်၌ အခန်း ၁၅ခန်းရှိပြီး။ အခန်းတိုင်း၌ ကိုယ်ပိုင်ရေချိုးခန်းအိမ်သာ ပါဝင်သည်။

အ‌ပေါ်ထပ်၏ စင်္ကြန်အလယ်၌ အောက်သို့ထိုးမြင်နိုင်ရန် အဝိုင်းပတ်ကြီးရှိပြီးဘေးမှာ့ လက်ရန်းနှင့် အလှဆင်ထားသည်။

ထိုအဝိုင်းကနေပင် လှေကားကိုထည့်ထားသည်။ လှေကားသည် ကွေ့ပတ်၍ဆင်းရသော ကြောင်အိမ်လှေကားမျိုးဖြစ်သည်။

လှေကားမှာ့ဆင်းလျှင့် ထမင်းစားခန်းကိုတန်းရောက်သည်။

ထမင်းစားခန်း၏ တစ်ဖက်တွင် ဧည့်ခန်းနှင့် ဘုရားခန်းရှိသည်။

ထမင်းစားခန်းတစ်ဖက်တွင် မီးဖိုချောင်ရှိသည်။

မီးဖိုချောင်၌ လျှိုဝှက် တံခါးဖြင့် အစည်းဝေးခန်း၊ အချက်လက်သိုလှောင်ရေးခန်း၊ နှစ်ကိုယ်ကြားစကားပြောခန်း နှင့် အထူးသီးသန့်တွေ့ဆုံခန်းများအား အိမ်၏ နံရံများနှင့် လှေကားအောက်၌ လျှိုဝှက်ထည့်ထားသည်။

အိမ်၏ ပုံစံသည် မသင်္ကာစရာဟူ၍ကာ အနည်းငယ်ထူနေသော နံရံများပင်ရှိသော်လည်း။

ထို နံရံအထူတို့အားမသိသာစေရန် အပြင်မှာ သစ်ပင်ငယ်များ၊ ပန်းအိုးများဖြင့်ကာ၍ထားသည်။

အိမ်၏ အနောက်ဘေးဘက်၌ green house ခေါ် ဖန်လုံပန်းခြံကြီးရှိသည်။

ထို ပန်းခြံကြီးသည် အပြင်မှာ့ကြည့်လျှင် ပန်းခြံနှင့်တူသော်လည်း အတွင်း၌ ပန်းပင်နည်း၍ အစည်းဝေးပွဲကြီးများအတွက် လူအယောက် ၅၀၀ကျော်ဆန့်သည် အခြေအနေ၌ရှိသည်။

အိမ်ရှေ့၌ ပါတီပွဲလုပ်၍ အိမ်အနောက်၌ စားပွဲခုံများခင်း၍ အစည်းအဝေးကြီးအားကျင်းပသည်။

သမဂ္ဂကျောင်းသားပေါင်း၅၀၀ကျော်၊

"ကြွရောက်‌လာပေးကြတဲ့ သမဂ္ဂကျောင်းသားများခင်ဗျာ၊

ကျွန်တော်က ဗကသ ရဲ့ ဥက္ကဌ မဟော်သူရပါ၊

ဒီကနေ့မှာ အစည်းအဝေးခေါ်ယူရတာဟာ ကျွန်တော်တို့ရဲ့ သမဂ္ဂမှာ နိုင်ငံရေးကိုပိုမိုထိရောက်စေရန်အတွက် အဖွဲများခွဲရန်ဖြစ်ပါတယ်။

၁၉၈၈စီမှာ့အချစ်ဇာတ်လမ်း series 1 Where stories live. Discover now