အခန်း-(၅)ဧပြီလ အပိုင်း-(၁)

11 3 0
                                    

အရေးခင်းကြောင့် ပိတ်ထားသော တက္ကသိုလ်များက ပြန်ဖွင့်ပြီ။ သပိတ်များက အနည်းငယ်ငြိမ်နေပြီ။

"‌ခါ အဆင်ပြေလား"

ခါတော်မှီခေါင်းခါပြသည်။ တက္ကသိုလ်ဝန်းဝယ် ခါတော်မှီပတ်ကြည့်သည်။

မဟော်သူရ မိန့်ခွန်းပြောလေ‌ရှိသော နေရာသို့နေတိုင်းလာခဲ့သည် မတွေ့ရ။

ဤသည်နှင့်ဆို ကျောင်းပြန်ဖွင့်သည်ကရက်၂၀ကျော်ပြီ။ မနက်ဆိုလျှင်ကျောင်းတက်၍ ညနေ၌ သပိတ်မှောက်ရန် ပြုလုပ်သည်။ စာများစီသည်ာ ဖြန့်ဝေသည်။

ခါတော်မှီသည် အစပိုင်းများ၌ တော်လှန်ရေး၌ပါဝင်နေပါသော်လည်း သမဂ္ဂ၌ မဝင်ရသေး။ ယခုမှာ့ ကျောင်းသားသမဂ္ဂအားဝင်ရသည်။

သမဂ္ဂကျောင်းသားများစု၍ ဆန္ဒပြပွဲများ ဟိုတစ ဒီတစ ပြကြသည်။

အကြီးအကျယ်ရယ်ဟု၍ မရှိသေးသော်လည်း သပိတ်များက မပျက်။

စက်မှုတက္ကသိုလ်မှာ ပိတ်လိုက်ရသည်။ ကျောင်းသားများအကုန်နီးနီး ကျောင်းထွက်ကြသည်။

ခါတော်မှီနှင့် မင်းလွင်ကဲ့သို့ပင် လူငယ်အများစုသည် နိုင်ငံရေးလုပ်နေသည်အားမိဘများရို အသိမပေးဝံ့။

ထိုကြောင့် တိတ်တခိုးလုပ်ရရှာသည်။ ခါတော်မှီ နေ့တိုင်း မဟော်သူရ အိမ်အားရောက်ဖြစ်သည်။
သူ၏ ယောက္ခထီးနှင့် ယောက္ခမကြီးက ‌လှိုက်လှိုက်လှဲလှဲကြိုဆိုသည်။

သားဖြစ်သူအတွက် သူတို့စိတ်မပူကြောင်း၊ သားဖြစ်သူမှာ သေချာပေါက် ပြန်လာမည်ကိုယုံကြည်ကြောင်းများသာ ပြော၍ ခါတော်မှီအား နှစ်သိမ့်ပေးသည်။

သီတာချိုမှာ အ.ထ.က ကျောင်းများ၌ သပိတ်မှောက်ရန် ဝါဒခိုးဖြန့်လေ့ရှိသည်။

ယနေ့လဲ ခါတော်မှီ သပိတ်အရပ်ရှိရာသို့ စုဝေးလာသည်။

"ကိုမင်းလွင် သပိတ်ခေါင်းက ဘယ်သူလဲ"

"ဘချစ်ဆိုလားဘဲ စက်မှုက၊"

"အင်း ဘယ်အထိပတ်ကြမှာတဲ့လဲ"

"လုံထိန်းရှောင်ဖို့ ရွှေတိဂုံ၊ ဆူးလေထ အင်းယား မပတ်ဖို့တော့ ငါပြောထားတယ်"

၁၉၈၈စီမှာ့အချစ်ဇာတ်လမ်း series 1 Where stories live. Discover now