အခန်း-(၉)ဩဂုတ်လ

6 1 0
                                    

ဩဂုတ်လ(၂)ရက်နေ့

"စစ်အာဏာရှင်စနစ်ကျဆုံးရေး တို့ရေး တို့ရေး"

"သပိတ် သပိတ်မှောက်မှောက်"

"‌ဆန္ဒ ဆန္ဒ ပြ ပြ"

အော်သံတညံ့ညံ့နှင့် သပိတ်စစ်ကြောင်းတစ်ခု။
ထိုသပိတ်စစ်ကြောင်း၌ စစ်သားများ ရဲများ အစိုးရဝန်ထမ်းများ အိမ်ရှင်မများ ကလေးငယ်များ
အနုပညာရှင်များ ပါဝင်ကြသည်။

ထိုသပိတ်စစ်ကြောင်းသည် ရန်ကုန်မြို၏ တစ်ခုတည်းသော မဟုတ်။

မန္တလေးမြို့၌လဲ ရှေ့နေ့သပိတ်စစ်ကြောင်းကြီးချီတက်လျက်ရှိနေသည်။

မန္တလေး၊ တောင်ကြီး၊ ကျောက်ဆည်၊ ပုဂံ စသည့် မြို့ကြီးများ၌လဲ သပိတ်စစ်ကြောင်းအလျှိုလျှိုပေါ်ပေါက်လာခဲ့သည်။

အစကတည်းက တော်လှန်ရေးကြီးသည် အရှိန်အမြင့်ဆုံးသို့ ထိုးထွက်လာသည်။

"ဟယ်လို မဟော်သူရ" ဝေါ်ကီတော်ကီဖြင့် ဂမ္မာက လှမ်းပြောလိုက်သည်။

"ဟုတ် ကိုဂမ္မာ" မဟော်သူရက ပြန်ပြောသည်။

"ဟယ်လိုကြားရလား"

"ဟယ်လို ဟယ်လို"

လူအုပ်ကြီးများကြားပေမလို့ အသံများသေချာမကြားရချေ။
မဟော်သူရ သူကိုင်နေသော အလံအားဘေးဘက်ရှိ လူတစ်ဦးအား ပေးလိုက်သည်။
"ခဏနော် ကျွန်တော်ပြန်လာမယ်"

ဘေးဘက် ဆိုင်ခန်းထဲသို့ ခဏဝင်လိုက်သည်။
သပိတ်စစ်ကြောင်းကြီးက တစ်ရွေ့ရွေ့သွားနေကြသည်။

"ဟုတ် ဟယ်လို ကိုဂမ္မာကြားရပြီ"

"အေး သူရ ငါတို့သပိတ်စစ်ကြောင်း ရွှေတိဂုံအထိသွားမယ်ပြောတယ်။ မင်းတို့ရော"

"ဟုတ် ရတယ် ကျွန်တော်တို့ဟာလဲ အလံကိုင်နောက်လိုက်ကြတာဘဲ"

"အေးဒါဖြင့် လာခဲ့လိုက်လေ သပိတ်ပေါင်းကြတာပေါ့"

"ဟ သပိတ်ပေါင်းလူများသွားမယ်နော်ဗျ"

"အေးဟုတ်တယ်ဟ ဒါဖြင့် သပိတ်ကို..."

ထိုအချိန် သူတို့စကားပြောခန်းတို့ အသံတစ်ခုဝင်လာသည်။

၁၉၈၈စီမှာ့အချစ်ဇာတ်လမ်း series 1 Where stories live. Discover now