အခန်း-(၉) ဩဂုတ်လ

6 1 0
                                    

ဩဂုတ်လ ၁ရက်နေ့။

တော်လှန်ရေးကြီးသည် ရက်စွဲတစ်ခုအားနီးကပ်လာသည်နှင့်အရှိန်ပြင်းနေပြီ။

မန္တလေးရန်ကုန်တောင်ကြီးစစ်ကိုင်းကျောက်ဆည်မြစ်ကြီးနားမော်လမြိုင်ထားဝယ်စစ်တွေပုသိမ် စသည့်မြို့ကြီးများ၌ ပင် အိမ်ရှင်မများမှာ့အစ ပြည်သူ့ရင်ခွင်ခိုလုံလာသော စစ်သားစစ်ဗိုလ်များအထိ လမ်းမပေါ်၌ ဆန္ဒပြနေကြပြီ။

ပြည်သူများညီလာကြပြီ။ ရုပ်ရှင်အနုပညာနယ်ပယ်မှာ့ သရုပ်ဆောင်များဖြစ်ကြသော
မေသန်းနု၊ရန်အောင်၊ဒွေး၊ ချိုပြုံးနှင့်စသည့်သူများ။

အဆိုတော်ပိုင်းများမှာ ကိုငှက်(ထူးအိမ်သင်း)နှင့်အခြား နာမည်ကြီးအ‌ဆိုတော်များမှာလဲ

အနုသုခုမဟူသော အနုပညာနှင့် တော်လှန်တိုက်ခိုက်ကြသည်။

မဟော်သူရ၏ အိမ်၌ပင်ထပ်မံစည်းဝေးနေကြသည်။

သို့သော်ယခုအခါ အရေးကြီးသည်။

"ဟုတ်တယ် အဲ့နေ့နီးလာတာနဲ့အမျှ ပါဝင်မူနှုန်းမြှင့်တက်လာတယ်။ သောင်းဂဏန်းကနေ သိန်းချီတော့မယ်။

အနုပညာရှင်တွေလဲ အရှေ့ဆုံးကဘဲ။ သတင်းစာတွေလဲ အားရစရာဗျ ဒီမှာကြည့် ဝေဖန်နေကြတာဆိုတာ"

‌ဇာနည်လင်းက လူငယ်ပိပိအားရစွာဆိုလိုက်သည်။

ဇာနည်လင်းပေးသော သတင်းစာအား မဟော်သူရနှင့် ဦးအေးဝင်းမှာ့အပ အကုန်ဝိုင်းကြည့်ကြသည်။

"ကဲ အဲ့တော့ အစည်းဝေးစကြတာပေါ့"

မဟော်သူရက အချက်ပေး၍ ဆိုမှာ့ အကုန်ငြိမ်သွားကြသည်။

"အဲ့တော့ အားလုံးသိကြသလို အားရစရာက မန္တလေးမှာဆို ရှေ့နေတွေပါဦးဆောင်နေကြပြီ။

ရန်ကုန်မှာလဲ ရဲတွေကအစ ပါဝင်လာကြပြီ။

အဲ့တော့ ကျွန်တော် ရှမ်းပြည်ဘက်က သတင်းကြားရ‌သလောက် ရပ်ကွက်လုံခြုံရေးနဲ့ သပိတ်မှောက်ကော်မတီတွေဖွဲ့ဖို့ အကြံတွေကြားရတယ်။

အင်း ၁၉၈၀တုန်းက သံဃာ အလုပ်သမားသပိတ်အချို့တုန်းကလဲ ဒီလိုအကြံနဲ့အောင်ခဲ့ကြတယ်‌ဆိုတယ်။

၁၉၈၈စီမှာ့အချစ်ဇာတ်လမ်း series 1 Tahanan ng mga kuwento. Tumuklas ngayon