အခန်း-(၉)ဩဂုတ်လ

2 1 0
                                    

ဩဂုတ်လ ၁၁ရက်နေ့။

"မရတီကိုကို သောကြာသမီးသည် ကျွန်ုပ်‌တို့ တော်လှန်ရေးတပ်ဖွဲ့များနှင့် ဘဝချင်းခြား၍ အပြီးတိုင် မသက်ဆိုင်တော့ပါသဖြင့် သင်သွားလိုရာသွားနိုင်ပြီ"

အထက်ပါ အမိန့်ပြန်တမ်းအား ရွတ်ဖတ်လိုက်သော မဟော်သူရ အသံတို့တုန်ရင်နေသည်။

အဝတ်ဖြူအုပ်ထားသော ရတီကိုကို၏ ရုပ်ကာလပ်သည် မီးသင်္ကြိုစက်အသွင်းသို့။

ရတီကိုကိုအား မီးသင်္ကြိုလိုက်ကြပြီ။
ရတီကိုကိုနှင့်ပတ်သတ်သော အရာဟူ၍ကာ သက်မဲ့ပစ္စည်းတို့သာ။

ဇာနည်လင်း မလှုပ်။

"ရ.တီ. စစ်သားက မင်းအမေကိုလဲသတ်တယ်။ ငါ့အမေကိုလဲ သတ်တယ်။ ငါတို့ လူနာတွေကိုလဲသတ်တယ်။ အခုမင်းကိုသတ်လိုက်ပြီ။

ရတီ မင်းသွားတော့ ငါ အဆုံးထိတိုက်မှာပါ"

ကျန်လူများမှာ ငိုနေကြသည်။
သီတာချိုမှာ သူတို့၃ဦး၏ နောက်ဆုံးမှန်းမသိ‌ဘဲ ရိုက်ထားမိသော သုံးယောက်ပုံအား ပရင့်ထုတ်၍ ဘောင်သွင်းကာ ဖတ်ထားသည်။

သီတာချိုအား ပုခုံးပုတ်၍ မင်းလွင်က နှစ်သိမ့်သော်ညား မင်းလွင်ကိုယ်တိုင်ပင် ဖြေမဆယ်နိုင်။

မေရီဘေးသို့ ဂမ္မာလာထိုင်သည်။

"မေရီ..."

ဂမ္မာလဲငိုထားပါသည်။
မေရီလဲ ငိုထားသည်။

"ပြော...."

"ရတီမရှိတော့ဘူး...."

"အင်း....."

"မင်းတစ်ခုခုကို မြိုသိပ့်ထားသလိူဘဲ ငိုလိုက်ပါ ကိုယ်‌မင်းဘေးမှာရှိပေးမယ်။"

မေရီ မျက်ရည်ဝိုင်းစွာ ဂမ္မာအားထွေထွေလေးကြည့်လိုက်သည်။

"ကိုဂမ္မာရယ်.... ဟီးးး ရတီကိုကိုသေရတာ ကျွန်မကြောင့်ပါရှင်။"

"အို မဟုတ်တာ မေရီရယ်။"

"ဟုတ်တယ်......... သူကိုကျွန်မ ကယ်လို့ရပါရဲ့နဲ့။ လူအုပ်အပြင်ရောက်နေပြီဖြစ်ပါရက်နဲ့ လူအုပ်ထဲ ပြန်ဝင်ခိုင်းမိခဲ့တာ"

"မေရီရယ်...."

ဦးအေးဝင်းတော့ပါမလာ။ ဦးအေးဝင်းဘုန်းကြီးကျောင်းသွား၍ ဘုန်းကြီးပင့်သည်။
ပြာဗူးလေးအား ဂူသွင်း၍ မြုပ်လိုက်ပြီ။

၁၉၈၈စီမှာ့အချစ်ဇာတ်လမ်း series 1 Where stories live. Discover now