အခန်း-(၂)အချစ်တို့မွေးဖွားရာအပိုင်း-(၂)

17 5 0
                                    

ခါတော်မှီ တက္ကသိုလ်ရောက်သည်က၂လကျော်ပြီ၊ အရှေ့လများကဟာတွေလဲ ပြန်ကြည့်ရသည်။

ဤလများဟာလဲကြည့်ရသည်နှင့် ခါတော်မှီစာအုပ်များမဖတ်ဖြစ်၊

ကိုမင်းလွင်နှင့်လဲ အပြင်မသွားဖြစ်တော့၊

သူ၏ အခန်းလေး၌သာ စာတစ်ကုတ်ကုတ်လုပ်နေမိသည်။

သို့သော် သူ ရန်ကုန်၌အနေများလာလေ၊ ဖခင်ကိုပိုမုန်းလေ၊ ပိုလွတ်လပ်လေ၊ ပိုဉာဏ်ပွင့်လေ၊

သူသည် လွန်ခဲ့သော လများက ခါတော်မှီမဟုတ်တော့၊

သူ၌ သိသာသောစရိုက်ပြောင်းလည်မှုဟု၍ နှစ်ခုတော့ရှိသည်။

ထိုကာ အခြားမဟုတ်၊ ဘောင်းဘီများထက် ပုဆိုးကို ပိုဝတ်လာသည်။ နောက်တစ်ချက်က နိုင်ငံရေးကိုပိုစိတ်ဝင်စားလာသလို၊ စာအုပ်ဖတ်ခြင်းတို့ကိုပါ ပြုလုပ်လာခြင်း။

ပြောင်းလဲမှုများ၌ ခါတော်မှီအား အထိခိုက်စေဆုံးက‌ အဂတိလိုက်စားခြင်းဟုသော စာအုပ်ကြောင့်ပင်။(စိတ်ကူးယဉ်စာအုပ်သာ)

စာရေးဆရာ-ရန်မင်း(တကယ်မရှိ)ရေးသားခြင်းဖြစ်သည်။

အဂတိလိုက်စားခြင်းဆိုသည်မှာ အဘယ်နည်း၊ မည်သူများလိုက်စားသနည်းနှင့်စသည်များ၊၊

ထိုထဲမှာ့ ခါတော်မှီအကြမ်းဖျင်းသိရသည်က

အဂတိလိုက်စားခြင်းဆိုသည်မှာ ကိစ္စတစ်ခုအား နှစ်ဦးသဘောတူ တရားမဝင်စွာ၊ ကြားဖျက်‌၍ဖြစ်စေ(သို့) အခွင့်ရေးပိုပေးခြင်းဖြစ်စေ လုပ်တက်ခြင်းဖြစ်သည်။

ထိုအဂတိလိုက်စားရာ၌ အဓိကသူ၂ဦးပါသည်။ ပထမတစ်ဦးမှာ ပေးသူနှင့် ဒုတိယတစ်ဦးမှာ ယူသူ၊

အဂတိလိုက်စားမှုများကို နိုင်ငံရေးမဆိုထားနှင့်ကျောင်းများ၊ မုန့်ဆိုင်များ၌ပင်တွေ့ရသည်။

ကျောင်းများ၌ ကျူရှင်တက်သော ကလေး၊ ဆရာမအား ဝယ်ကန်တော့နိုင်သော ကလေးသည်သာ မေးခွန်စာရွက်ရ‌၍ စာမေးပွဲအောင်တက်ခြင်းသာ၊

မုန့်ဆိုင်များ၌မှု ဤသူကတော့ မုန့်များများဝယ်တယ် ငါသူကို အရင်လုပ်ပေးမယ်တို့ဖြစ်သည်။

၁၉၈၈စီမှာ့အချစ်ဇာတ်လမ်း series 1 Where stories live. Discover now