အခန်း-(၉)ဩဂုတ်လ

2 1 0
                                    

ဩဂုတ်လ ၃ရက်နေ့။

သပိတ်များသည်ပိုပြင်းထန်လာသည်။
အားရဖွယ် သတင်းစားများကလဲ လွတ်လပ်စွာ ပုံနှိပ်၍ စစ်အာဏာရှင်များအားတိုက်ခိုက်လာခဲ့ပြီ။

တကယ်ပင် တိုင်းပြည်တစ်ခုလုံး သွေးနီရဲနေကြပြီ။
အလုပ်များအားလုံးနီးနီး ရပ်နားကြရသည်။

ဆေးရုံများ၊ တက္ကသိုလ်များ၊ အစိုးရ လုပ်ငန်များ ရပ်လုနီးနီး။

စစ်အစိုးရ၏ အုပ်ချုပ်ရေး ယန္တရားရပ်လုနီနီသို့သော် စိန်လွင်သည် ငချဉ်မဟုတ်။

စိန်လွင်သည် စိန်လွင်။

၈ရက်နေ့ ပြည်လုံးကျွတ်သပိတ်ဟုတ်စ။ စိန်လွင်အတွက် ပြည်လုံးကျွတ်လူသတ်ပွဲကြီးဖြစ်စေရမည်။!

တကယ်က လူသတ်ပွဲကြီးသည် ၂၇ရက်နေ့ ဇူလိုင်လကတည်းကစပြီလေ။

"ဟျောင်ရေ!!!!"

ယနေ့သပိတ်ကား မင်းလွင်နှင့် ဇာနည်လင်း ဦးဆောင်ရခြင်း။

"ဘာတုန်း အဲ့ အမိန့်တော်ရှိပါ။ ဒါမှာ့မဟုတ် မှန်လှပါ"

မင်းလွင် ကြောင်တောင်တောင်နှင့် ‌ဖြစ်သွားသည်အား ဇာနည်လင်းသဘောကျမိသွားသည်။

တော်ဝင်မျိုးနွယ်ဖြစ်ရသည်က ကောင်းသား။

"ဟ ဖြေးဖြေးလုပ်ပါဟ။ သာမန်ဘဲပြောပါ။

ငါခေါ်တာ ဟိုမှာ မေသန်းနုလို့"

မင်းလွင်က အလံကိုင်နေရာမှာ့ မိမိတို့ နှင့်စုံတော့မည့် သပိတ်စစ်ကြောင်းတစ်ခုအား မျက်စိပစ်ပြလိုက်သည်။

စာပေနှင့်အနုပညာသည် သပိတ်စစ်ကြောင်း။

စစ်ကြောင်း၌ အဆိုတော်များဖြစ်ကြသော ထူးအိမ်သင်း၊ စိုးလွင်လွင်၊ ခင်မောင်တိုးနှင့်အခြား သူများ။

ရုပ်ရှင်သရုပ်ဆောင်များဖြစ်ကြသော ရန်အောင်၊ မေသန်းနု၊ မိုးမိုးမြင့်အောင်၊ ဒွေးနှင့်အခြားသူများ။

စာရေးဆရာများ၌ မင်းသိင်္ခနှင့်အခြားသူများ။

အနုပညာရှင်များ အရှေ့ဆုံးမှာ့ပါဝင်လာကြသည်အားပြည်သူများက တွေ့ကြရလျှင် ဝမ်းသာအားရလျက်ရှိနေကြသည်။

ထိုသို့‌နှင့် မနက်၈နာရီ သတင်း၌ ယနေ့ဩဂုတ်လ၃ရက်နေ့မှာ့စ မာရှယ်လောထုတ်ပြန်သည်မှာ ည‌၈နာရီမှာ့ မနက်၄နာရီအထိ လူစု‌လူဝေးမပြုရ။

၁၉၈၈စီမှာ့အချစ်ဇာတ်လမ်း series 1 Where stories live. Discover now