အခန်း-(၈)ဇူလိုင်လ(intro pic comic here)

13 1 0
                                    

(first intro

(first intro

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

)

ဇူလိုင်-၂၇။

သတင်းထူးက ထပ်ပြန့်လာပြန်သည်။

နိုင်ငံတော်၏ သမ္မတရာထူးအား စိန်လွင်မှာ့ ရရှိခဲ့သည်။
သမ္မတဦးစန်းယုနော်၌ စိန်လွင်မှာ့ရရှိခြင်းဖြစ်ပြီး
နေဝင်း၏ စနက်များပါဝင်နေကြသည်။

ထိုသတင်းဆိုးနှင့်အတူကာ အနောက်၌ ကပ်ဆိုးကြီးပါလာမည်ကို မည်သူသိမည်နည်း။

မဟော်သူရ၏ အိမ်၌ အစည်းဝေးလုပ်နေကြသည်။

"ဒါဆို အမေပြောတာ အခု သမ္မတက ဆဲလ်‌ဗင်းဂျူလိုင် ကိစ္စနဲ့ ဦးသန့်အရေးခင်းတုန်းက လူသတ်ဖို့စေခိုင်းခဲ့တဲ့ သူပေါ့"

မဟော်သူရ၏ အမေးအား ဒေါ်ချိုမာ၊ ဒေါ်သိန်းစုနှင့် ဒေါ်ညိုစံပယ်မှာ ကြောက်ရွံ့စွာခေါင်းငြိမ့်ပြသည်။

"ဒေါ်ဒေါ်တို့တုန်းက ကျောင်းသားသမဂ္ဂအဆောက်ဦးဗုံးခွဲခံရတယ်။

အဲ့တာ သူ့စနက်ဘဲ။ အခု တော်လှန်ရေးမှာ လူတွေသိပ့်မသေကြဘူး။ ဘာလို့ဆို နေဝင်းက သူ့ထက် လူစိတ်ရှိတယ်။ နေဝင်းက တစ်ချိန်က သခင်ဖြစ်ခဲ့တာနဲ့အညီ နိုင်ငံရေးလှည့်ကွတ်တွေသိတယ်။

ဒါပေမဲ့ ဒီကောင်က အဲ့လိုမဟုတ်ဘူး ယုတ်မာတယ်။

ဘယ်လိုတွေများဆက်ဖြစ်ကြဦးမလဲ ဘုရားဘုရား"

လူကြီး၃ဦး၏ တုန်လှုပ်နေမူအားကြည့်၍ လူငယ်များက အံ့ဩနေကြသည်။

ဦးအေးဝင်းကလဲ "အေး အဲ့စိန်လွင်ဆိုတဲ့ကောင်နဲ့လဲ ဆရာ အတူ တာဝန်ထမ်းဆောင်ဖူးတယ်။ သောက်ကျင့်မကောင်းဘူး။
၁၉၆၂၊ ဦးသန့်အရေးခင်းတုန်းကလဲ ဆရာပါခဲ့တယ်။

ဆရာအရှေ့မှာတင် ဆရာ့တပည့်တွေ လုပ်ဖော်ကိုင်ဖက်တွေသေကုန်ကြတယ်။

အဲ့တုန်းက သပိတ်တွေကို စစ်တပ်တွေနဲ့ဖြိုတာ အခုလို လုံထိန်းအဆင့်နဲ့မဟုတ်ဘူး။

ဒီကောင်ကတော့ပိုဆိုးမယ်ထင်တယ်။

သပိတ်တွေကိုရှောင်တာကောင်းမလား"

ထိုနောက်ဆုံးစကားအား မဟော်သူရက ခေါင်းခါလိုက်သည်။

"မဟုတ်ဘူး ကျွန်တော်ပြောမယ်။ သူတို့ဘက်က ကြမ်းတဲ့ကောင်ကိုထုတ်သုံးသလို ကျွန်တော်တို့ကလဲ အဲ့ကြမ်းတဲ့ကောင်ကို ခံနိုင်ရမယ်။ သူကတော့ကြမ်းပါတယ်လေဆိုပြီး အရှုံးပေးလိုက်ရင် သူတို့လိုချင်တာရသွားတာဘဲ။

ကျွန်တော်ကတော့ သပိတ်တွေကိုဆက်တိုက်လိုက်မယ်။

ကိုစောခုံမှိုင်းလိုဘဲ မြင့်မြတ်စွာအသက်ပေးလှူသင့်လှူမယ်"

"ကျွန်တော်ရောဘဲ"

"ကျွန်မရောဘဲ"

မဟော်သူရအနောက်မှာ့နေ၍ ရဲရင့်သော ဆုံးဖြတ်ခိုင်မာသော အသံများ ထွက်ပေါ်လာကြသည်။

သူတို့ကာ သမ္မဂအဖွဲ့ဝင်ဟောင်းများ။ တော်လှန်ရေးညီကိုမောင်နှမများ။

ဇူလိုင်-(၃၁)

သတင်းများကား ကြားမကောင်းတော့ချေ။ စိန်လွင်အစွမ်းပြချက်မှာ အာဏာရပြီး ၅ရက်အတွငါး လူရာနှင့်ချီသေဆုံးခဲ့ရပြီး။

ထိုအရေအတွက်မှာ အရှေ့ပိုင်း ကာလများထက် ၂ဆနည်းပါးတိုးတက်ခဲ့သည်။

‌(ဖတ်ရှုပေးကြပါသော စာဖတ်သူများခင်ဗျာ မကြာခင်မှာ ဩဂုတ်လကိုရောက်ရှိတော့မှာဖြစ်ပြီး ထိုမှာ့နေ၍ စက်တင်ဘာ စက်တင်ဘာမှာ့ ၁၉၉၀။ ‌၁၉၉၀မှာ့ ၂၀၁၀ဟုပြီး အခန်း ၄ခန်းကျန်သေးသော်လဲ ဤသည်မှာပင် fic၏ ဇာတ်သိမ်းသို့စတင်ဝင်ရောက်နေပြီဖြစ်ပါတယ်။)

၁၉၈၈စီမှာ့အချစ်ဇာတ်လမ်း series 1 Where stories live. Discover now