အခန်း-(၁၀) ဇာတ်သိမ်း

4 0 0
                                    

စက်တင်ဘာ ၁၈ရက်နေ့။ တိုင်းပြည်၏ အာဏာအား စစ်တပ်မှာ သိမ်းယူလိုက်သည်။

အစပိုင်းကတည်းမှာ တိုင်းပြည်၏ အာဏာသည် ဆိုရှယ်လစ်ပါတီ လက်ထဲ၌ တည်ရှိနေခြင်းဖြစ်ပါသည်။

ဆိုရှယ်လစ်ပါတီဆိုသည်မှာ စစ်တပ်၏ ‌လက်အောင်မှာ့ဖြစ်ပါသော်လည်း နိုင်ငံရေးအရ နိုင်ငံရေးပါတီတစ်ခုမျှသာ ဖြစ်သည်။

သို့သော် ယခုအခါ တိုင်းပြည်အာဏာအားစစ်တပ်က သိမ်းယူလိုက်သည်။ အမှန်စင်စစ် စစ်တပ်ပိုင်သောအာဏာအား စစ်တပ်မှာ နာမည်တစ်မျိုးဖြင့် သိမ်းယူခြင်းဖြစ်ရာ နိုင်ငံရေးလှည့်ကွတ်တစ်ခုပင်။

စက်တင်ဘာ ၂၁နောက်ပိုင်း၌ မည်သည်ဆန္ဒပြမှုမျှ မရှိတော့ပါဘဲ တိုင်းပြည်အခြေနေငြိမ်သက်သွားတော့သည်။

မဟော်သူရအပါဝင် သပိတ်ခေါင်းဆောင်များမှာ သာမန်ဘဝ၌ ပြန်လည် လည်ပတ်နေပေသည်။

သို့သော် မဟော်သူရက မတူ သူက ပါတီဥက္ကဌ။ ယခုအခါ PDN၌ အဖွဲ့ဝင်၁၀၀ကျော်ပင်ရှိလာခဲ့သည်။

သို့သော် ထိုနေ့။

၁၉၈၉ ဂျွန်လ

PDN၏ တတိယအကြိမ်မြှောက်အစည်းဝေးအား မန္တလေးမြို့၌ လုပ်ပြီး အပြန်။

ကားပေါ်၌ မဟော်သူရ၊ ခါတော်မှီ၊ မင်းလွင်၊ သီတာချို၊ ဂမ္မနှင့် ဇာနည်လင်းတို့ပါဝင်လာသည်။

‌ဦးအေးဝင်းနှင့် မေရီမှာရန်ကုန်မြို့၌ ကိစ္စရှိ၍နေခဲ့သည်။

အရေးခင်းကြီးအပြီးနောက်တွင် လူအများအပြားသည် စစ်တပ်မှာဖမ်းဆီးအကျဉ်းချလိုက်သော်လဲ
မဟော်သူရတို့ကဲ့သို့ နိုင်ငံရေးထဲကို တစ်စုံးနှစ်ဝင်လိုက်ကျသော သူများသည် အဖမ်းစီးများအားရှောင်ရှားနိုင်ခဲ့ပြီး ကျန်သူများကသာ အဖမ်းစီးခံဖြစ်လာသည်။

ဤသည်ကာ နိုင်ငံရေး။

နိုင်ငံရေးလောကထဲဝင်၍ ပါတီထောင်လိုက်သည်မှာစ၍ မဟော်သူရတို့ အာဏာမှာ အတိုင်းတာတစ်ခုအထိ ကြီးမာသွားသည်။

သူဟာနှင့်သူ လွတ်တော်ထဲအထိပါ ဝင်ဆံ့နိုင်ရန်ဖြစ်နေပြီ။

ထို့အပြင် ပါတီထောင်လိုက်ပြီးနောက် ဝင်ငွေကာ ရန်ပုံငွေများအပါဝင် စီပွားရေးသမားများနှင့် ဖက်ဆက်လုပ်ကိုင်ရသောကြောင့် တစ်လ တစ်လ သိန်းချီလာလေပြီ။

"မဟော်သူရ အရေးခင်းက ဖြစ်တုန်းလို့ ပြောလို့ရလား"

မင်းလွင်ကမေးသည်။

"အေး ထင်တာဘဲ ဟိုတလောကတောင် ကမ္ဘာမကျေဆိုတဲ့ သီချင်းထွက်သေးတာပါဘဲ။

ထားပါ အခုချိန်မှာ စစ်အစိုးရကို မကောင်းကြောင်းကို ငါတို့ပါတီက မပြောမိစေနဲ့မဟုတ်ရင် အပိတ်ခံရလိမ့်မယ်။"

ထိုအချိန်

"ဟာာာာ အရှေ့မှာ သေနတ်တွေနဲ့ဝိုင်းထားတယ်"

မဟော်သူရတို့ကားသည် အထူးသီးသန့်ကားတန်းနှင့်ဖြစ်သည်။ အတိုင်းအတာ တစ်ခုအထိ အာဏာရှိလာသော မဟော်သူရတို့ PDN ထိပ်ပိုင်းများသည် ‌၈၈မျိုးဆက်အမည်ခံကာ စီးပွားရေးနိုင်ငံရေး၌ချဲ့ထွင်ခဲ့ပြီး

ယခုကဲ့သို့ လူ ၁၀ယောက်ဆန့်သည့် မာစီတီးကြီးပင် ၃စီးမျှ ဝယ်ပြီး တစ်နေရာမှာ့တစ်နေရာသို့ တန်း၍သွားနိုင်သည်။

"ချီးဘဲ ဓါးပြတွေလားဟ"

ကားပေါ်၌ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။ သူတို့အားဖမ်းရန် စစ်တပ်လဲမရှိ။ ဘယ်သူများလဲ။

"ကားပေါ်က ပြေးမယ်မကျန်နဲ့ ကြိုးတုတ်လိုက်! ဟေ့ကားသမား အရှေ့ကအတိုင်းလိုက်ခဲ့မဟုတ်ရင် ဒီကားမှာ တပ်ထားတဲ့ ဗုံးခလုတ်ကိုနိပ်လိုက်မယ်။"

မဟော်သူရတို့အကုန် ကြောက်လန့်နေကျပြီ။

ခဏအကြာ၌ မဟော်သူရတို့ မာစီတီး ကား၃စီးအား အရှေ့နှင့်အနောက်မှာ့ ဝိုင်းထားသော ကားများသည် မ‌န္တလေး ရန်ကုန်အမြန်လမ်းမ မှာ့ဘေးသို့ ထိုးထွက်ခွာလိုက်သည်။

မဟော်သူရတို့ဘေး၌ သေနတ်ကိုင် ဝတ်စုံအမဲနှင့်သူများက အပြည့်။

ကားကြီးက ခြံတစ်ခြံတည်းအဝင် ကားထဲသို့ အဖြူရောင်အငွေ့များဖြန်းလိုက်ရာ ကားသမားအပါဝင်အကုန်လုံးသတိမေ့သွားတော့သည်။

ခဏအကြာ၌ ပြန်လည်သတိရလာကျသည်။

သူတို့အကုန်ရုန်းမရ၊ ခြေ လက် ပါးစပ် တိတ်များကြိုးများဖြင့်ချည်နှောင်ထားသည်။

၁၉၈၈စီမှာ့အချစ်ဇာတ်လမ်း series 1 Where stories live. Discover now