အခန်း-(၇)ဇွန်လ အပိုင်း-(၃)

10 1 0
                                    

ဇွန်၂၉

"အေး ဟုတ်တယ် သူတို့နှစ်ယောက်"

အရာရှိဝတ်စုံနှင့် ငနဲ တစ်ဦးက မင်းလွင်နှင့် ခါတော်မှီအား လက်ညိုးထိုးပြလိုက်သည်။

တပ်သား၂ဦးက ဆွဲ၍ခေါ်လာသည်။

"ဒီမှာဗိုလ်ကြီး"

ခါတော်မှီနှင့် မင်းလွင်တို့၏ မျက်လုံးများအဝတ်မဲများနှင့်ချီထားသည်။

"ခါတော်မှီနဲ့ မင်းလွင် ဟုတ်တယ်နော်"

"....."

အသံမထွက်လာပါ။

"ဟေ့ မင်းတို့တွေ ဘယ်လောက်တောင်လုပ်ထားတာတုန်း စကားကိုမပြောတော့ဘူး"

"ကျွန်တော်တို့ဘာမှာ့မလုပ်ရသေးပါဘူး။ သူတို့နဲ့ပါလာတဲ့သူတွေလဲ ဘာမှာ့မလုပ်ရသေးပါဘူး"

ထိုအခါ အရာရှိ ဝတ်စုံနှင့် ငနဲက

"ဟားဟား ကဲ အကုန်ခေါ်ခဲ့ကွ သူတို့ပါ"

ခဏအကြာ၌ အခန်းအသီးသီးမှာ မဟော်သူရ၊ ရတီကိုကို၊ ဦးအေးဝင်း၊ ဇာနည်လင်း၊‌မေရီနှင့် ဂမ္မာတို့ မျက်လုံးအဝတ်စည်း၍ ခေါ်လာကြသည်။

"ကံကောင်းတယ်မင်းတို့၈ယောက်။ ခံဝန်ထိုးပြီး ထွက်သွားကြတော့၊

ဒါပေမဲ့ မင်းတို့အကုန် တက္ကသိုလ်က အထုတ်ခံရမယ်"

၈ဦးစလုံး ခေါင်းထောင်သွားကြသည်။သူတို့အားမည်သူက လွတ်ပေးလိုက်သနည်း။

ရန်ကုန်မြို့ အင်းစိန်ထောင်အရှေ့တွင် ကားအနက်ကြီး တစ်စီး။

"တက်ကြ"

ထိုအသံကြားမှာ့ မဟော်သူရ အားရဝမ်းသာ ပြုံး၍ ကားပေါ်တက်သွားသည်။

"အကိုစောခုံမှိုင်း"

ကားပေါ်၌ သူတို့၈ဦးအား ပြုံး၍ကြည့်သော ရှမ်းတိုင်းရင်းသား လူငယ်တစ်ဦး

"အေး လာငါ့ညီတို့ ညီမတို့ ဆရာကြီးလဲလာလာ"

ကားမှာ လူ၈ဦးကွတ်တိထိုင်လို့ရသည့် ခရီးသွားကားကြီးဖြစ်သည်။

မဟော်သူရ ခါတော်မှီလက်ကို ကိုင်၍ ပြုံးပြက ကားအရှေ့ရှိ စောခုံမှိုင်းထိုင်နေရာသို့ ထွက်သွားသည်။

၁၉၈၈စီမှာ့အချစ်ဇာတ်လမ်း series 1 Where stories live. Discover now