အခန်း-(၉) ဩဂုတ်လ ၈၈၈၈

4 1 0
                                    

ယနေ့။ ဒီနေ့။ ယခုနေ့။

မြန်မာသမိုင်း၌ ပထမဆုံးသော တစ်နိုင်ငံလုံးပါဝင်မဲ့ သပိတ်ကြီး။ စစ်အာဏာရှင်အား တွန်းလှန်တော့မည့် ပြည်သူများ။

ခွပ်ဒေါင်းသွေးတို့ရဲနေကြပြီ။ ဒီမိုကရေစီလိုလားနေကြပြီ။ ဤ လူအုပ်ကြီးသည် နှစ်၂၀ကျော် တည်တံ့လာတဲ့ အာဏာရှုး စစ်အာဏာရှင်တစ်စုအား မဖြိုခွင်းနိုင်ရင်ပင် ထိုသို့ဖြိုခွင်းဖို့ရာ အစပထမ လက်မွန်ဖြစ်သည်။

"ကဲ ထွက်ကြမယ်!"

မနက်၆နာရီ။

ကန်တော်ကြီးနားမှာ အိမ်ထဲမှာ့ကားများသည် သက်ဆိုင်ရာလူများနှင့် အသီးသီးထွက်သွားပြီ။

မနက်၆နာရီ လူအုပ်က အများကြီး။

လမ်းများတစ်နေသည်။ ကားများပေါ်မှာ ဆင်းလိုက်ရသည်။

"ကဲ သွားကျ သပိတ်ကိုဦးဆောင်နေကျတာကတော့ ငါတို့ထဲက မဟုတ်သေးဘူး။ ‌ဦးဆောင်တဲ့သူကို ဆက်သွယ် အလံကိုင်ကိုဆက်သွယ်။

ပြီးရင် လူအုပ်ကြီးကို ရအောင်ဦးဆောင်ပြီး ပေးထားတဲ့ လမ်းတွေအတိုင်းသွားကြပါ။ အခုတော့

ဇာနည်လင်းနဲ့ ဂမ္မာ၊ ဦးအေးဝင်းနဲ့ ခါတော်မှီ၊ မင်းလွင်နဲ့ငါ၊ ရတီကိုကိုနဲ့ မေရီ၊ သီတာချိုရတော့ သပိတ်တွေကို တစ်ခုနဲ့တစ်ခု information ပေးပို့‌ပါ"

"ဟုတ်"

တာဝန်ကိုယ်စီနှင့် လူအုပ်များကြား တိုးဝင်သွားသည်။
သူတို့အားလုံးအားတက်လျက်။ ဤမျှများပြားသော လူအုပ်ကြီးကို တစ်ခါမှာ့မတွေ့ဘူး။

"ဒီမိုကရေစီရ‌ရှိရေး တို့ရေး တို့ရေး၊
သပိတ် သပိတ် မှောက်မှောက်၊
မီးတုတ်မီးတုတ် ရှို့ ရှို့၊
အာဇာနည်သွေး မြေမ‌ခရေး၊
အာဏာရှင် စစ်တပ်အလိုမရှိ။
စိန်လွင် မအေဘေး စိန်လွင် မအေဘေးး"

လူအုပ်၏ ကြွေးကြော်သံသည် ဆူညံလျက်။
သူတို့လဲ အားရပါးရ အော်ဆိုကြသည်။

"သီတာချို"

"ဟုတ်"

မဟော်သူရ ခေါ်လိုက်သည်။

"အကုန်လုံးကိုပြောလိုက်ပါ လူအုပ်‌ကိုခွဲလိုက်တော့လို့ ပိုများလာရင် အန္တရာယ်များကုန်မယ်။ သပိတ်ခေါင်းဆောင်တွေကို အသေချာပြောပြပါ။

၁၉၈၈စီမှာ့အချစ်ဇာတ်လမ်း series 1 Where stories live. Discover now