အခန်း(၄)မတ်လ အပိုင်း-(၄)

8 3 0
                                    

နောက်တစ်နေ့၌ ရန်ကုန်၌လူငယ်များကြား လက်ကမ်းစာစောင်တို့ ပျံ့နှံ့တော့သည်။

မဆလပါတီမှာ့ တံတားဖြူလူသတ်မှု ဟုသော ခေါင်းစဉ်နှင့် မျက်နှာများအား ဖျက်ထား‌ေသာအာဇာနည် အလောင်းများ၊ အချုပ်ခန်းအတွင်းမှာ့ပုံများ ပျံ့နှံ့တော့သည်။

ထိုအရာကပင် မဆလပါတီကြီးအား အကြီးကျယ်တုန်လှုပ်စေတော့သည်။
စာရွက်များက အပျံ့မြန်သည်။ တက္ကသိုလ်ကျောင်းသူကျောင်းသားတိုင်းနီးနီးလက်ထဲရောက်သွားခဲ့သည်။

ဒီနေ့မှာ‌ပင် မနေ့က အလောင်းများ အသုဘလုပ်နိုင်တော့သည်။

အစစ်ဆေးများကြမ်းသွားသည်။ လုံထိန်းများက ပတ်စစ်သည်။ အသုဘလုပ်ရာအိမ်များအား ဝင်စစ်ဆေးသည်။

စစ်မေးသည်။ အသုဘအား ဖင်ပူအောင်ပင်မလုပ်ရ။ မနက်လုပ် ညနေ ဂူသွင်း။

မိသားစုဝင်များမှာ အသုဘလုပ်နိုင်သည်ကိုပင် ဖြေသိမ့်ရသည်။

တက္ကသိုလ်ကျောင်းများ၌ လူငယ်များက စာများကပ်ကြသည်။

လူသွားလမ်းများ၌ ကပ်ကြတော့သည်။ အစိုးရလူကြီးများမှာ လုံးဝပင် မခံနိုင်တော့။

ထိုအပြင် ယနေ့ထုတ်စာရွက်များအား အဓိကလိုက်ရှာ ဖြတ်စုတ်သည်။

သို့သော် အင်းဝအအေးဆိုင်၌ကာ အဘွားကြီး၂ဦးနှင့်ဖုန်းတစ်လုံး

ရန်ကုန်၌ ဗြောင်းဆံချိန်၌ တော်လှန်ရေးအား အညာဘက်သို့ ကားလေးတစ်စီးသည် ထွက်၍လာသည်။

ကား‌အနောက်၌လဲ လုံထိန်ဝတ်စုံနှင့် လူငယ်၁၀ယောက်ကျော်။

အရှေ့မှာ ရဲမှုဝတ်စုံနှင့် မင်းလွင်၊ ဘေးမှာ ကျော့မော့နေသော ရဲမှုးကတော် သီတာချို၊ ထိုနောက် လက်ထောက်ရဲမှုး ခါတော်မှီ။

ကားလေးသည် မန္တလေးသို့ ရောက်ခဲ့ပြီ။ မန္တလေးရောက်သည်နှင့် သီတာချိုသည် မင်းလွင်ပေးသော ပိုက်ဆံအုပ်နှင့် ကားတစ်စီးအား ချက်ချင်းဝယ်၍ ‌ကားပြောင်းလိုက်သည်။

မင်းလွင်အဖေ၏ ကားကြီးမှာ မန္တလေး တက္ကသိုလ် ဝန်း၌။

ခုနက ရဲမှုးနှင့် လုံထိန်းများမှာ့ အဝတ်အမျိုးမျိုး အခြေအနေအမျိုးမျိုးနှင့် လူအမျိုးမျိုးဖြစ်ခွဲထွက်ကာ ထို၌ပင်လမ်းခွဲခဲ့သည်။

၁၉၈၈စီမှာ့အချစ်ဇာတ်လမ်း series 1 Onde as histórias ganham vida. Descobre agora