အခန်း-(၈)ဇူလိုင်လ အပိုင်း-(၁)

22 1 0
                                    

ဇူလိုင်၁ရက်နေ့

သတင်းများသည် ကြားရသမျှ ဝမ်းနည်းဖွယ်။
မြန်မာ့အသံနှင့် မြဝတီတို့၌ အရာရာဟာ သာယာနေလေသည်။

ထိပ်တန်း အရာရှိများက အစည်းဝေးထိုင်နေကြသည်။

"ဇူလိုင်၁၉ကိုသိကြတယ်မလား"

"အင်း.... အခြေနေတွေဆိုးနေပြီ။
အောင်‌ဆန်းစုကြည်က နိုင်ငံရေးထဲ ဝင် မလားဘဲ။ အခြေနေတွေဆိုးလာရင် သူ့ ယောင်္ကျားနဲ့ သားသမီးတွေကို နိုင်ငံ ဝင်ခွင့်ပိတ်ရလိမ့်မယ်"

"ဟုတ်တော့ဟုတ်ပေမဲ့ ဒီလိုငြိမ်နေတာကို သွားထိရင် ပိုလှုပ်လိမ့်မယ်။ ဆန္ဒပြပွဲတွေတင်မဟုတ်ဘူး အခု သန်လျင်ဘက်မှာ မြို့နယ်မှူးအိမ်ကိုဝင်စီးကြတယ်။

ရန်ကုန်မှာလဲ အဆင်မပြေဘူး။ ကျုပ်တို့ ရုံးလဲ ဝန်းထမ်းတွေမလာရဲဘူး။ ကျုပ်တို့တောင် နိုင်ငံတော်ကပေးတဲ့ကားတွေမစီးရဲဘူးဗျ။

အရင်တစ်ခေါက်ကဘဲ နံပါတ်များ ၆၆၈၈၇၇ ကို တားပြီး ကားသမားနဲ့ ကားပေါ်က လူတွေဆင်းခိုင်းပြီး မီးရှို့ကြတယ်။"

"ဟာ ၆၆၈၈၇၇ဆိုတာ စစ်ဗှိုလ်ကြီး ကားဘဲဗျ"

"ဟုတ်တယ်။ သူ့မိန်းမက ဈေးဝယ်ထွက်ဖို့ကားယူသွားတာ လူတွေမထိပေမဲ့ကားတွေထိတယ်။

တစ်ဖြေးဖြေး အိမ်တွေကိုဝင်စီးကြတယ်။ မနေ့က အင်းစိန်က ပါတီလူကြီးအိမ်ကို သူတို့တွေဝင်စီးကြတယ်။ အိမ်ကို ဖျက်ဆီးကြတယ်။"

"ဟုတ်တယ်ဗျ ကျုပ်တိုလဲ ပြစ်မိန့်ပေးထားပေမဲ့ မပြစ်ရဲဘူး နိုင်ငံတကာက မီဒီယာတွေက အားအားယားယား လာနိုင်လွန်းတယ်ဗျ။ BBCက နိုင်ငံရေးသတင်းတွေဖော်ပြနေတယ်။"

"ဖော်ပြတာကတော့ ကျုပ်တို့ ၃လပိုင်းလောက်ကတည်းကပါဗျ"

"အခု ပိုဆိုးတယ်ဗျ။ နိုင်ငံတကာခေါင်းကြီးပိုင်းတွေမှာ ကျုပ်တို့ ကိစ္စတွေကြည်ဘဲ"

ထိုစကားသံများက ရန်ကုန်မြို့၏ လျှိုဝှက်တစ်နေရာမှာ့ ဗိုလ်မှုးကြီးတို့၏ ညီးညူသံများ။

တစ်ဖက်၌ တော်လှန်ရေးအင်အားစုများမှာမှု အင်တိုက်အားတိုက်။

၁၉၈၈စီမှာ့အချစ်ဇာတ်လမ်း series 1 Where stories live. Discover now