Chapter 83- လက်မြှောက်အရှုံးပေးလိုက်ပြီ

910 296 34
                                    

Unicode

ရှဲ့လင်ပုံစံက နားကပ်ပန်ပြီးတော့မှ ပို၍ သွက်လက်လာပုံရသည်။ တစ်ခန်းလုံးတွင် အငြိမ်မနေနိုင်သည့်ပုံစံရှိနေပြီးဖြစ်ရာ အဖက်ဖက်မှ ပြီးပြည့်စုံသည့် အသွင်သဏ္ဍာန်ကို ယူထား၏။ တစ်ခါတစ်ခါ ချီချင်းကို အသီးခွံ့ကျွေးလိုက် ရေဘူးကမ်းပေးလိုက် လုပ်နေသေးသည်။

အကယ်၍ သူသာ အကြံပေးတစ်ယောက် မဟုတ်ပါက ဒီလိုရုပ်ရည်လေးနှင့် ပိုက်ဆံဝိုင်းပုံပေးမည့်သူများ တန်းစီနေလောက်သည်။

ထို့အပြင် နားကပ်က သူကိုယ်တိုင် ပန်ပေးထားရသေးသည်။

သီးသန့်ခန်းထဲမှ အပူရှိန် တဖြည်းဖြည်း မြင့်တက်လာသည်ဟု ချီချင်းခံစားနေရသည်။ နောက်ဆုံးတော့ ချီချင်းလဲ နားလည်ရန် မကြိုးစားတော့ပဲ သူ့ကို ကမ်းပေးလာသော အသီးကို ငြင်းဆန်လိုက်သည်။
" ကျွန်တော် သန့်စင်ခန်း ခဏသွားလိုက်ဦးမယ်"

ချီချင်းထွက်သွားပြီးနောက် ဝူကျိလက်က ရှဲ့လင်ရှေ့ရောက်လာသည်။
" ရှဲ့လင်ကော.. ကျွန်တော်လဲ အသီးစားချင်တယ်"

ရှဲ့လင်က အသီးကို သူ့ပါးစပ်ထဲထည့်၍ သွားကြားထိုးတံနှင့် ကောက်ပေါက်လိုက်သည်။
" မင်းမှာ လက်မပါဘူးလား"

သနားစရာ ဝူကျိလေး ငိုမဲ့မဲ့ ဖြစ်လာလေသည်။
" ရှဲ့ကော ပြောင်းလဲသွားပြီ... အရင်က ဒီလိုမဟုတ်ပါဘူး... ကျွန်တော့်ကို ဗိုက်ဆာလား အေးနေလား အဆင်ပြေရဲ့လားဆိုပြီး အမြဲဂရုစိုက်ခဲ့တာကို"

ဝူကျိပြောသည့်စကား မှန်၏။

အရင်က ရှဲ့လင်၏ EQ မှာ အလကားရနေသလားဟု ထင်ရလောက်အောင် ဖော်ရွေလွန်းလှသည်။ တစ်ခါတစ်ခါ ဖော်ရွေလွန်းသည့်အကြည့်များကြောင့် ဝူကျိမှာ သူနှင့် သူငယ်ချင်းဆက်‌ဆံရေးပင် ဟုတ်ရဲ့လားဟု သံသယဝင်မိသည်အထိ ဖြစ်ခဲ့ဖူး၏။

ရှဲ့လင်မှာ လူတိုင်းနှင့် ဆက်ဆံရာတွင် ပုံရိပ်ယောင်များ ဖန်တီးတတ်သည်။ ယောက်ျားမိန်းမ ခွဲခြား၍ ဆက်ဆံသည်မဟုတ်။ သူတို့ ပထမဆုံး စတွေ့စဉ်က ရှဲ့လင် ဒီလိုစရိုက်မျိုးရှိသည်ကို ဝူကျိ မသိခဲ့။ ထို့ကြောင့် ခင်မင်ပြီး ရက်အနည်းငယ်အကြာတွင် သူ့ခါးပတ်သူ ကိုင်ကာ သတိပေးစကားပြောခဲ့ရသည်။
" ဟို.. ကျွန်တော် ခင်ဗျားကို ကြိုပြောထားမယ်နော်... ကျွန်တော်က အဖြောင့်ဗျ..."

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now