Chapter 42- Night Visit

1K 269 15
                                    

Unicode

တံခါးဝတွင်ရပ်ကာ တစ်ယောက်‌ကိုတစ်ယောက် အတော်ကြာသည်အထိ ရပ်ကြည့်နေကြသည်။

" ကျွန်တော်သာ ခင်ဗျားကို သတ်ချင်ရင်..."
ချီချင်းက ရှဲ့လင်၏ မျက်လုံးတည့်တည့်ကို စိုက်ကြည့်ရင်း တစ်လုံးချင်း ပီပီသသ‌ ပြောနေသည်။
" သဲလွန်စမပေါ်နိုင်မဲ့ နည်းလမ်း အနည်းဆုံးဆယ်ခုမက ရှိတယ်.. ရဲတွေ တရားခံကို ဖမ်းနိုင်ဖို့မပြောနဲ့ ခင်ဗျား ဘယ်အချိန်က သေသွားတယ်ဆိုတာတောင် ရဲတွေလုံးဝသိမှာမဟုတ်ဘူး"

စကားပြောနေသည့်အချိန်တွင် ချီချင်း၏ အသံက လုံးဝတုန်လှုပ်နေခြင်းမရှိ။ သူ့မျက်လုံးထဲမှ ရှဲ့လင်မှာ သေလူဖြစ်နေသည်ဟုပင် ထင်ရသည်။

သူ့မျက်စိရှေ့တည့်တည့်တွင် ခြိမ်းခြောက်ရဲသည်မှာ ချီချင်းကသာ ပထမဆုံးဖြစ်၏။

ရှဲ့လင် ပြုံးလိုက်သည်။
" အဲ့လောက်ကြီးတော့ မရက်စက်ပါနဲ့ကွာ"

ချီချင်းလဲ နောက်ဆုံးကုဒ်နံပါတ်တစ်လုံးကို နှိပ်၍ တံခါးဖွင့်လိုက်သည်။
" အဲ့ဒါဆို ကျွန်တော် အသိစိတ်ရှိတုန်း ကျွန်တော့်မျက်စိရှေ့ကနေ ချက်ချင်းထွက်သွား"

တကယ်တော့ သူ့ကို ဒီလိုဆက်ဆံသည့် လူမျိုးကို ခြေလက်အကောင်းအတိုင်း လွှတ်ပေးလိုက်သည်က ချီချင်း၏ စတိုင်မဟုတ်။ ထို့အပြင် ရှဲ့လင်အတွက် သူ့တွင် ခြွင်းချက်များတစ်ခုပြီးတစ်ခု တိုးလာသည်။ ဥပမာ ခုနကလို ရှဲ့လင် သူ့နားအထိ ရောက်လာတာကို သူ ဘာလို့ အနားကပ်ခံမိတာလဲ...

သူ ခေါင်းငုံ့ရင်း လက်အိတ်ချွတ်၍ သူ့နှုတ်ခမ်းသူ ခပ်ကြမ်းကြမ်း ပွတ်လိုက်သည်။

ချီချင်း အိမ်ထဲ ဝင်ပြီးနောက် ရေတစ်ခါထပ်ချိုးကာ အင်္ကျီလဲသည်။ သန့်ရှင်းသွားသည့်အခါ အမှောင်ထဲတွင် အိပ်ရာဝင်၍ မျက်လုံးမှိတ်လိုက်သည်။

နံရံပေါ်ရှိ နာရီလက်တံမှာ နံပါတ်ကိုးသို့ ညွှန်ပြနေပြီး မိနစ်တံက လှုပ်ခါလိုက်တိုင်း ချပ် ချပ် မြည်နေလေသည်။

ချီချင်း အိပ်ရာပေါ်လူးလှိမ့်နေသည်မှာ လေးငါးနာရီ ရှိခဲ့ပြီ။ နာရီလက်တံ နှစ် သို့ရောက်သည့်အခါ ရုတ်တရက် မျက်လုံးဖွင့်လိုက်သည့်အတွက် အဆုံးမရှိသော မျက်ဝန်းနက်များက ည‌အမှောင်နှင့် ရောထွေးသွားလေ၏။

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now