Chapter 47- လူသတ်မှု

1.1K 305 41
                                    

Unicode

ရာသီဥတုအခြေအနေကြောင့် ညကိုးနာရီအချိန်ကောင်းကင်က အရင်ကထက် မှောင်မဲနေသည်။ ညက မှောင်မဲနေရသည့်အထဲ လူသွားလူလာကပါ နည်းနေသေးသည်။

ရန်ချင်း၏အိမ်ထဲတွင် သူမအပြင် နောက်ထပ်လူသုံးယောက် ရောက်နေသည်။ ကျိမင်ရွေ့သည်လဲ ရဲစခန်းမှ အပြေးရောက်လာကာ ကူညီပေးရန် အသင့်ပြင်ထားသည်။
" ဟိုဘက်က အခြေအနေကတော့ သိပ်မကောင်းဘူး.. အဲ့လူကို အခုထိ ဆက်သွယ်လို့မရဘူး"

ရဲများ၏ ရှာဖွေမှု ကြန့်ကြာနေရသည့်အကြောင်းမှာ တစ်ဖက်တွင် လက်ထဲ သက်သေလုံလုံလောက်လောက် မရှိသေးသလို ကျန်တစ်ဖက်တွင်လဲ တရားခံကို တပ်လှန့်ပေးလိုက်သလိုဖြစ်မှာကြောက်နေရ၍ ဖြစ်သည်။ အကယ်၍ တရားခံဟု သံသယရှိထားသူကို ပိုက်စိပ်တိုက် ရှာလိုက်ပြီးတော့မှ သက်သေမရှိ၍ လွတ်သွားရမည်ကို မလိုလား။

ရှဲ့လင် : " တကယ်လို့ သူသာ ဒီနေ့ လူသတ်မှု ကျူးလွန်ဖို့ အစီအစဉ် ရှိထားတယ်ဆိုရင် သူ ဒီနေ့ ဘယ်မှာရှိတယ်‌ဆိုတာ လူသိခံမှာမဟုတ်ဘူး.. အရင်အမှုတွေတုန်းက သဲလွန်စသေးသေးလေးတောင် ကျန်ခဲ့တာမဟုတ်ဘူး... အဲ့ဒီ့တော့ သူ့လုပ်ရပ်တိုင်းက ပိရိတယ်လို့ ပြောလို့ရတယ်... လူသတ်ဖို့ကို နှစ်ရက်သုံးရက်လောက် ကြိုပြင်ထားတာလဲ ဖြစ်နိုင်တယ်"

ထို့နောက် ရှဲ့လင်က ချီချင်းဘက် လှည့်ပြောလိုက်သည်။
" မင်း နေ့လည်က ကော်ဖီတွေ အများကြီးသောက်ထားတာ မဟုတ်ဘူးလား...ဘာလို့ အိပ်ချင်နေသေးတာလဲ"

ချီချင်းကတော့ ဘေးနားတွင်သာ ထိုင်နေကာ ဘာတစ်ခုမှ ဝင်ပါချင်ပုံမရ။

လူတိုင်းကြောက်ရွံ့နိုင်သည့် အခြေအနေတွင် ချီချင်းက အေးစက်စွာ ပြန်ဖြေသည်။
" ကျွန်တော် အိပ်ချင်နေတာတော့ မဟုတ်ပါဘူး . နည်းနည်းပျင်းစရာကောင်းလို့"

"..."

သူတို့စကားပြောနေတုန်း ရန်ချင်းက မှာထားသော အစားအသောက်ကို မျက်ရည်များဝဲ၍ စားနေသည်။
" နည်းနည်းပဲ စားလို့ မရဘူးလား... ကျွန်မ တကယ် စားချင်စိတ်မရှိလို့ပါ"

ရှဲ့လင်စကားကြောင့်သာ သူမ စားစရာ မှာလိုက်ခြင်းဖြစ်၏။
" တစ်ဖက်လူက တကယ်သတိကြီးတဲ့သူ.. အပြင်စာမှာစားနေကျ ခင်ဗျားက ဒီနေ့ မမှာဖြစ်ရင် တစ်ဖက်လူ သံသယဝင်လိမ့်မယ်"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now