Chapter 39 - စုံစမ်းရေး

1.1K 271 34
                                    

Unicode

ချီချင်း အိမ်ပြန်ရောက်တော့ လက်အိတ်ချွတ်သည်။ ရေချိုးခေါင်းလျှော်ပြီးသော်လဲ ခေါင်းခြောက်အောင် မသုတ်သောကြောင့် ရေတစက်စက်ကျနေသော ဆံစလေးများက နဖူးပေါ် ဝဲကျနေသည်။ ပုံမှန်အတိုင်း အခန်းထဲတွင် မီးဖွင့်မထား။ သစ်သားကြမ်းခင်းကို ဖိနပ်မပါပဲ ခြေဗလာနှင့် နင်းကာ မီးဖိုခန်းထဲသွား၍ ရေတစ်ခွက် ငှဲ့သည်။

TV တွင် လာနေသော 'ခံစားချက်များ' အစီအစဉ်ကို ဖွင့်ထားသည့်အတွက် TV မှ အလင်းက ဧည့်ခန်းတဝက်ကို ဖုံးလွှမ်းနေသည်။

ထို့နောက် ချီချင်းလဲ မီးဖိုခန်းတံခါးကို မှီကာ ခဏရပ်ကြည့်နေသည်။

ရေခွက်တစ်ဝက်ကုန်သွားတော့ ‌ခွက်ကိုင်ထားသောလက်ကို ရေစိုနေသော ဆံစများထဲမှ ငုံ့ကြည့်နေသည်။

ထိန်းချုပ်မရ‌နိုင်သော အဆင့်မှ လွတ်မြောက်ပြီးတာတောင် ရှဲ့လင်၏ အထိအတွေ့ကို ဘာလို့ မငြင်းဆန်တော့သည်လဲ သူ မသိသေး။ တစ်နေကုန် ပြေးလွှားနေရကာ လက်အိတ်လဲ ဝတ်ထားသည့်အတွက် ဖုန်းမကိုင်ဖြစ်။

အမှုအကြောင်းကို သိချင်လွန်း၍ စောင့်နေရှာသူ ကျိမင်ရွေ့ကတော့ သူ့ကို စာပို့၍ မေးနေသည်။

... ဘယ်လိုတဲ့လဲ... မင်းတို့ အရေးကြီးတဲ့အချက်တစ်ခု ရှာတွေ့ခဲ့တယ်ဆို...

နာရီဝက်အကြာတွင် ကျိမင်ရွေ့က ထပ်ပို့ပြန်သည်။
....ထားလိုက်ပါတော့.. ငါ မင်းကို ယုံလို့တောင် မရဘူး.. ငါ အခုပဲ သူများတွေကို မေးကြည့်လို့ သိပြီးပြီ.. ဆုရှောင်းလန်ရော ငါရော ကျက်သီးတွေထတာ အခု‌ထိတောင် မရပ်သေးဘူး... ရွှယ်မေ့အိမ်နီးချင်းကတော့ ဒီည အိပ်ရဲတော့မှာ မဟုတ်ဘူး...

မအိပ်ရဲရုံတင်မဟုတ် ထို့ထက် အခြေအနေဆိုးလေသည်။ သူတို့မပြန်ခင်ကဆို ထိုလူမှာ တံခါးဝတွင် ရပ်၍ သူတို့ကို ဖျောင်းဖျလိုက်သေးသည်။
" ကျွန်တော့်ကို နောက်ထပ် ရက်နည်းနည်းလောက် ထပ်ချုပ်ထားပေးလို့ မရဘူးလား.. ကျွန်တော်လုပ်ထားတဲ့ အပြစ်အတွက် ငါးရက်ပဲ အချုပ်ခံရတာ နည်းသွားလားလို့... ရက်နည်းနည်းလောက် ထပ်ချုပ်ခံရလဲ ကျွန်တော် ကျေနပ်ပါတယ်.. ဘာမှစောဒက မတက်ပါဘူး"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now