Chapter 43- နှစ်ယောက်လုံးအား ရဲတိုင်ခြင်း

1K 261 30
                                    

Unicode

ရှဲ့လင်က အခုလေးတင်မှ အိမ်ပြန်ရောက်လာခြင်းဖြစ်သည်။ ဧည့်ခန်းထဲရောက်တော့ လတ်တလောဖြစ်ထားသော လူသတ်မှုဓာတ်ပုံတစ်ထပ်ကို စားပွဲပေါ် ပစ်တင်လိုက်သည်။ ထို့နောက် ကုတ်အင်္ကျီကို လက်တစ်ဖက်နှင့် ကြယ်သီးဖြုတ်၍ လက်တစ်ဖက်က ဖုန်းကိုင်ထား၏။ သူက ရန်ချင်းကို အလောတကြီး မမေး။ သူမ၏ လုံခြုံရေးကိုသာ အဓိကမေးသည်။
" ကျွန်တော့်ကို ဘာမှမပြောခင် မေးခွန်းတစ်ခုလောက် အရင်‌ဖြေပါဦး.. ခင်ဗျားရှိနေတဲ့နေရာက လုံခြုံရဲ့လား"

အဆိုပါစကားက သူမကို စိတ်သက်သာရာ ရသွားစေသည်။ ရန်ချင်းလဲ အလုပ်သမားနားသည့် အခန်းကျဉ်းလေးကို လော့ခ်ချလိုက်သည်။
" လုံခြုံပါတယ်.. ကျွန်မ အခု အလုပ်မှာ"

ထို့နောက် ရှဲ့လင်လဲ အကြောင်းအရာ ပြောင်းမေးလိုက်သည်။
" အခု ဘာဖြစ်လို့လဲ.. ခင်ဗျားပြောတာ တစ်ယောက်ယောက်က ခင်ဗျားကို စောင့်ကြည့်နေတယ်ဆို.. ဘယ်သူ စောင့်ကြည့်နေတာလဲ"

ရန်ချင်းက ဖုန်းကို တင်းတင်းကြပ်ကြပ်ဆုပ်၍ မနေ့ညက အိမ်ရှေ့တံခါးဝတွင် မြင်လိုက်ရသော မြင်ကွင်းနှင့် စောစောက လမ်းတစ်ဖက်တွင် ထီးရှည်နှင့် တွေ့လိုက်ရသော အနက်ရောင်ပုံရိပ်ကို ပြန်မြင်ယောင်နေမိသည်။ သူမကို စောင့်ကြည့်နေသည်မှာ အပေါ်ထပ်မှ လူကြီးမင်းချီဟု ပြောလိုက်ရင်ရော လူကြီးမင်းရှဲ့က သူမကို ယုံပါ့မလား...

သူမ‌တွေးနေစဉ် ဆိုင်ထဲသို့ ဝယ်သူတစ်ယောက်ဝင်လာသည်ကို တွေ့လိုက်ရသည်။

နောက်ဆုံးတော့ ရန်ချင်းလဲ ဘာမှမလုပ်နိုင်ပဲ အလောတကြီး ပြောလိုက်ရသည်။
" ကျွန်မ အလုပ်ပြီးမှ ရှင့်အိမ် ခဏလာခဲ့လို့မရဘူးလား.. အခုတော့ ဝယ်သူတွေ လာနေလို့ပါရှင်"
ရှဲ့လင် ငြင်းဆန်မည်စိုး၍ လေသံတိုးတိုးနှင့် ထပ်ပြောလိုက်သေးသည်။
" ကျွန်မ နည်းနည်းကြောက်လို့ပါ"

ရှဲ့လင်သည်လဲ ချိုသာသော လေသံတိုးတိုးနှင့် နှစ်သိမ့်စကားပြောနေသည်။
" ကောင်းပါပြီ.. ခင်ဗျား ဘယ်အချိန် အလုပ်ဆင်းမှာလဲ.. လာဖို့အဆင်မပြေရင် ကျွန်တော် ခင်ဗျားကို လာကြိုရမလား"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now