Chapter 45- အချိန်ကန့်သတ်ချက်

1.1K 313 36
                                    

Unicode

ရန်ချင်း၏ နောက်ခံအခြေအနေမှာ သူတို့ဘားတွင်တွေ့ခဲ့သော ယန်ကျန်းကျန်းနှင့် ရေခဲသေတ္တာထဲ အပိတ်ခံရသော ရွှယ်မေ့တို့မှာ အတော်လေးတူသည်။ ရန်ချင်း ပြောသည်ကို ‌နားထောင်နေရင်း သူတို့သုံးယောက်၏ မျက်နှာများက ချီချင်းစိတ်ထဲ အတူတကွ ပေါ်လာသည်။

ရန်ချင်းက ဆက်ပြော၏။
" ကျွန်မလဲ အရင်‌ဆုံး အလုပ်လုပ်တဲ့နေရာနဲ့နီးတဲ့ နေရာတစ်ခု ရှာဖို့ပြင်ရတာပေါ့.. ကုမ္ပဏီက ကျွန်မကို နေထိုင်စရိတ် အများကြီးပေးတာမဟုတ်တော့ လဝက်အတွင်း အိမ်ရှာနိုင်မှ ဖြစ်မှာ.. ဒီလောက်အချိန်တိုအတွင်း အိမ်ရှာဖို့ဆိုတာက  မဖြစ်နိုင်ဘူးလေ.. ရွေစရာလဲ ရှားတယ်... အဲ့ဒီ့တော့ Anjia က ပွဲစားတစ်ယောက်က ယန်ယွမ်နဲ့ ထျန်းရွေ့ရပ်ကွက်က အိမ်တွေကို လိုက်ပြတယ်... မတော်တဆဖြစ်ထားလို့ အဲ့ဒီ့က‌အိမ်တွေ ဈေးကျနေတယ်တဲ့"

....

လွန်ခဲ့သော တစ်လက

ယန်ယွမ်ရပ်ကွက် တိုက်တစ်တိုက်တွင်...

" မိန်းကလေးရန်... လက်ရှိ ဈေးကွက်အတိုင်းဆိုရင် ဒီလိုငွေကြေးမျိုးနဲ့ တစ်ခန်းထဲပါတဲ့ အိမ်မျိုးကိုပဲ ငှားလို့ရမှာ... အခု အခန်းနှစ်ခန်းတောင်ပါတဲ့အိမ်ကို ငှားနိုင်တယ်... အပြင်အဆင်ကလဲ မဆိုးဘူး.. တန်ပါတယ်ဗျ"

အဆိုပါပွဲစားက တိုက်ခန်းငှားနိုင်အောင် ထိုးရောင်းနေသည့်အတိုင်းပင်။
" အခုတလော ဒီရပ်ကွက်ကို ရဲတွေ ကြပ်ကြပ်မတ်မတ် စောင့်ကြည့်နေတာ အရမ်းလုံခြုံတယ်... အမှုဖြေရှင်းနိုင်ဖို့ကလဲ အနှေးနဲ့အမြန်... လူသတ်သမားကလဲ ဒီနေရာကို ပြန်မလာလောက်တော့ပါဘူး.. ဟုတ်တယ်မလား.. ရဲတွေ ဒီလောက်များနေတာ သူ လာရင်လဲ အဖမ်းခံရမှာ"

ရန်ချင်းက ကြောက်တတ်သည်။ သရဲကားကြည့်ပြီးရင်တောင် ညဘက်မအိပ်ရဲ။ လူသတ်မှုဖြစ်ထားသော ရပ်ကွက်တွင် နေရမည်ဆိုတော့ စဉ်းစားရုံနှင့်ပင် ကြောက်စိတ်ဝင်လာသည်။
" ထားလိုက်ပါတော့... တခြားရပ်ကွက်မှာရော အိမ်မရှိတော့ဘူးလား"

" ခင်ဗျားက အလုပ်နေရာနဲ့လဲ နီးချင်တယ်ဆိုတော့ ဒီနေရာက အသင့်တော်ဆုံးပဲဗျ... တကယ်လို့ နည်းနည်းတော့ ဝေးတဲ့နေရာဆိုရင် ယွီထင်းရပ်ကွက်က ခင်ဗျားလိုအပ်ချက်နဲ့ အကိုက်ညီဆုံးပဲ... ဒါပေမဲ့ ဈေးကတော့ နည်းနည်းများတယ်... အခန်းကလဲ suite ခန်းဗျ... အဲ့ဒီ့အခန်းက သူ့သားလက်ထပ်ပွဲအတွက်ဆိုပြီး အိမ်ရှင်က ပြင်ထားခဲ့တာ.. အခန်းငှားတာ ပထမဆုံးပဲ... တစ်ချက်လောက် သွားကြည့်ချင်လား"

အန္တရာယ်ရှိသော စရိုက် - ဘာသာပြန် Where stories live. Discover now